ပါဝင်ပစ္စည်းများ

ငရုတ်သီးခြေက် အနီတောင့်
ကြက်သွန်ဖြူ အလုံးသေး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲဆီ စစ်စစ်

ပြုလုပ်နည်း

ငရုတ်သီးခြောက် အနီတောင့်များကို ရေဆေး ၊ ရေစစ်ပြီး ခြောက်အောင် ပိတ်စတခုနှင့် သုပ်ပါ။ ခြောက်သွားလျှင် မီးအေးအေးနှင့် လှော်ပေးပါ။
ကြက်သွန်ဖြူ အလုံးသေးများကို အခွံစင်အောင် မနွှာဘဲ အပေါ်ယံ အခွံလေးများ နွှာပြီး ရေဆေးပါ။
ငရုပ်ဆုံထဲတွင် ရေဆေးထားသော ကြက်သွန်ဖြူကို ထည့်ထောင်း (ညက်နေအောင် ထောင်စရာမလို) ၊ လှော်ထားသော ငရုတ်သီးထည့်ထောင်းပြီး ဆား၊ အချိုမှုန့်အနည်းငယ် ထည့်ထောင်းပြီးလျှင် ဆီလေးပါလေကာ ဆန်းပြီး စားလို့ရပါပြီ။

MyFood Myanmar