သရက်သီးလေးတွေ ပေါ်နေပြီဖြစ်လို့ ခါတိုင်း ထောင်းစားနေကျ ပုံစံအတိုင်း မဟုတ်ဘဲ အညာဒေသက ကျေးလက်တောရွာတွေမှာ ထောင်းစားတဲ့ ပုံစံအတိုင်း ထောင်း ထားပါတယ် ။

ပါဝင်ပစ္စည်းများ

  • သရက်သီး
  • ငရုတ်သီးခြောက်တောင့်
  • မြေပဲဆံ  ပဲဆီစစ်စစ်
  • ကြက်သွန်နီ

ပြုလုပ်နည်း

  1. သရက်သီးကို အညာဒေသက ထွက်တဲ့ ငရုတ်သီးခြောက်တောင့် ၊ မြေပဲဆံ ၊ ကြက်သွန်နီ တို့နှင့် ရောပြီး ဆုံထဲတွင် ထောင်းပါ ။
  2. ထောင်းထားသော သရက်သီးထောင်းပေါ်မှ အညာမြေပဲဆီစစ်စစ်ကို အနည်းငယ် ထည့်ပါ ။
  3. အညာမှ ထွက်သည့် ပစ္စည်းများနှင့် ထောင်းရျ် သရက်သီးထောင်း စစ်စစ်လို့ ဆိုချင်ပါတယ် ။  (အိမ်မှာနေတဲ့ ညီမလေးတွေက ပခုက္ကူဖက်က အညာသူစစ်စစ်လေးတွေပါ ။ သူတို့လေးတွေ ရွာမှာ ဟင်းချက်တဲ့ပုံစံက ကျမတို့ ရန်ကုန် ၊မန္တလေး အစရှိတဲ့ မြို့ကြီးတွေက ချက်တဲ့ ပုံစံနဲ့ ကွာခြားလှပါတယ် ။ အညာဒေသ စစ်စစ်တွေက ဟင်းချက်နည်းတွေကို သူတို့လေးတွေဆီက သင်ယူရင်း အလျဉ်းသင့် သလို ပြန်လည် ဝေမျှပါ့မယ်နော်။)

Credit : Original