အထပ်တစ်ရာမုန့်

Share this on:

a htat 100 mote.jpg1.jpg2

a htat 100 mote.jpg1

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် - 240g (၁၅ကျပ်သားခန့်)
  • အုန်းနို့ - 400 ml (၁ဘူး)
  • သကြား - 160g (၁၀ ကျပ်သား)
  • ဆား - 1/2 ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ရေ - 250ml
  • Food Colour (နီ) - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. သကြား ၊ အုန်းနို့ ၊ ဆား ၊ ရေကို အရင်ပျော်သွားအောင် မွှေပါ ။  ဆန်မှုန့်ကို ဇကာနဲ့စစ် အုန်းနို့ရည်ထဲ သမအောင် ရောမွေပြီး မုန့်ရည်ကို တဝက်စီ ခွဲထားပါတယ် ။
  2. တဝက်ကို Food Colour လိုသလောက် ထည့်မွှေပါ ။  ပေါင်းအိုးကို ရေဆူအောင် တည်ထားပြီး ပေါင်းမယ့်ဘန်းထဲ မုန့်နှစ်အဖြူရောင် လောင်းထည့် ၅ မိနစ် ပေါင်းပါ ။
  3. နောက်တလွှာအတွက် အနီရောင် မုန့်ရည်ထည့်ပြီး ၅ မိနစ်ပေါင်းပါ ။  မုန့်ရည်တလှည့်စီ ထည့်ပေါင့်းပြီး အားလုံးကုန်ရင် ၂၀ မိနစ်လောက် ထပ်ပေါင်းပေးရင် ရပါပြီ ။  အအေးခံပြီး ကြိုက်ရာပုံ ဖြတ်လို့ရပါပြီ ။
(အရောင်များတာ မကြိုက်ရင် လျှော့လို့ရပါတယ်)

Credit: Lin Thawdar