ဂျူးဖူးဟာ ဂျူးမြစ်လိုပဲ တွဲဖက်စားသုံးလို့ ရတဲ့ အသီးအရွက် တစ်မျိုးဖြစ်ပြီး ကြော်စားလို့ ရသလို ရှမ်းအစားအစာတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။ သက်သက်လွတ်သမားတွေ အတွက်တော့ အကြိုက်ပါပဲ။ အရသာ ဆိပ့်ပြီး အနံ့လည်း သင်းလှတဲ့ ဂျူးဖူးကို ကြိုက်နှစ်သက်သူ များလှပါတယ်။ ဂျူးဖူးကို အသားတွေနဲ့လည်း ရောပြီး ကြော်စားလေ့ ရှိပါတယ်။

ဂျူးဖူးဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ကျန်းမာရေး တန်ဖိုးအတွက် အရေးပါတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဂျူးဖူးဟာ ကြက်သွန်မြိတ်လို ပုံသဏ္ဍန် ရှိပြီး ပါဝင်တဲ့ ဓာတ်တွေကလည်း ဆင်တူပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပြီး Antioxidants လည်း ပါဝင်ပါတယ်။ ဒါကြောင့် သွေးထဲက ကိုလက်စထရောတွေကို ကျဆင်းစေတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သွေးကြောတွေကို ထိန်းပေးနိုင်တဲ့ အတွက် သွေးတိုးကျစေပါတယ်။

ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောပိတ်ဆို့ခြင်းနဲ့ လေဖြတ်တာတို့ကိုလည်း ကာကွယ်ပေးပါတယ်။တစ်ခြား သတ္တုဓာတ်နဲ့ ဗီတာမင်တွေလည်း ပါဝင်ပါသေးတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ကေ တို့ ပါဝင်ပြီး အရိုးကျန်းမာရေး အတွက် ကူညီပေးပါတယ်။

ဂျူးဖူးဟာ ဗီတာမင်ကေ ပါဝင်မှု အများဆုံး ဟင်းရွက်တစ်မျိုးလို့တောင် ပြောလို့ ရပါတယ်။ ဗီတာမင်ကေ ပါဝင်မှု များတာကြောင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး အယ်ဇိုင်းမား အတွက် မပူရတော့ပါဘူး။ ဒါ့အပြင် ဖော့လိတ်ဓာတ် ပါဝင်မှုကြောင့် ကိုယ်ဝန်ဆောင်သည်တွေ စားသုံးသင့်တဲ့ အစားအစာ တစ်မျိုးပါ။

Chive Flowers

ဂျူးဖူးမှာ ကာရိုတင်း၊ ဇီဇန်သင်းနဲ့ လူတင်းတိ ပါးတွေက အ ဆုတ်နဲ့ ခံတွင်းကင်ဆာတွေမဖြစ်အောင် လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

Ref: Health