ပါဝင်ပစ္စည်းများ

  • အမဲသား
  • ဆား
  • ဟင်းခတ်မှုန့်
  • ငရုတ်သီး အစိမ်းမှုန့််
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • စပါးလင်
  • ဆီ
  • အုန်းနို့
  • နံနံပင် (သို့မဟုတ်) ပါစလေ (သို့မဟုတ်) ပင်စိမ်းရွက်

ပြင်ဆင်ပြုလုပ်နည်း

  1. အမဲသားကို အနေတော် တုံးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ နှယ်ပီး ခဏလောက် နှပ်ထားပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ ။ စပါးလင်ကို ပါးပါးလေး လှီးထားပါ ။
  3. ဆီကို အနည်းငယ်ထည့်ပီး အပူပေးပါ ။ ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း နှင့် ပါးပါးလှီးထားသော စပါးလင်ထည့် ၊ နှပ်ထားသော အမဲသားထည့် ၊ အုန်းနို့ (သံဗူး) ထဲက အုန်းနို့ သံဗူး တဝက်ထည့်မွှေ၍ အားလုံးကို နှံစပ်နေအောင် ၃ မိနစ်သာသာလောက်မွှေပီးမှ ရေကို အသားတုံး မြုပ်ရုံ ရေ ထည့်ပြီး ၃ ရေ လောက် ချက်ထားပါ ။
  4. နောက်ဆုံး တရေ ခမ်းခါနီးမှ ကျန်နေတဲ့ အုန်းနို့ သံဗူးတဝက်ကို ထည့်မွှေပါ ။ အမဲသား နူးပီး ဆီပြန်လာခါနီးမှ အုန်းနို့ ထည့်ချက်ထားတာမို့ အမဲသားဟင်းက အုန်းနို့နံ့ ပိုမွှေးသလို အသားမှာလည်း အုန်းနို့ရည် စိမ့်ဝင်နေတာမို့ ပိုစားကောင်းပါတယ်။
  5. ခံတွင်းပိုလိုက်အောင် မီးဖိုမီးပိတ်ပြီး ငရုတ်သီးစိမ်း ပါးပါးလှီးထားတာနဲ့ နံနံပင် (သို့မဟုတ် ) ပါစလေ (သို့မဟုတ်) ပင်စိမ်းရွက် ကြိုက်နှစ်သက်ရာ အုပ်ပီး ချက်ပါ ။

Credit: သီရိရတနာ