အမဲသားပေါင်း

Share this on:

လုပ်စားကြည့်မယ် ။ အမဲသားမစားရင်လဲ တခြားကိုယ်စားတဲ့ အသားနဲ့ပေါ့နော် ။

ပါဝင်ပစ္စည်းများ

  • အမဲသား
  • ကြက်ဥပြုတ်
  • မိုအခြောက်
  • ပဲငံပြာရည်အကြည်ရည်
  • ပဲငံပြာရည်အနောက်ရည်
  • တရုတ်မဆလာမွှေးမှုန့်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆား
  • ဆနွင်းမှုန့်
  • ငရုပ်သီးအရောင်တင်မှုန့်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. အမဲသားကို အနေတော်တုံးပြီး ရေစင်စင်ဆေး၍ စစ်ထားပါ ။ ကြက်ဥကို ပြုတ်၍ အခွံခွာပြီး မွှန်းထားပါ ။
  2. မိုအခြောက်ကို ရေစိမ်ပြီး အနေတော်လှီးထားပါ ။ အသားကို ဇလုံထဲထည့်ပြီး ပဲငံပြာရည်အကြည်ရည် ၊ အနောက်ရည်တို့ ထည့်ပါ၊ တရုပ်မဆလာမွှေးမှုန့် ထည့်ပါ ။ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားတာ ထည့်ပါ ။ ဆားအနည်းငယ် ၊ ဆနွင်းမှုန့် ၊ ငရုပ်သီးအရောင်တင်မှုန့်တို့ ထည့်ပြီး အားလုံးနှံ့အောင် နယ်ပါ ။
  3. ဆီအိုးတည်၍ ဆီပူလာလျှင် အသားနယ်ထားတာ ထည့်ပြီး လှုပ်ရင်း မကပ်အောင် မွှေပေးပါ ။ ဆီပြန်လာလျှင် ရေမြုတ်အောင် ထည့်ပြီး အသားနူးအောင် မီးအလယ်အလတ်နဲ့ တည်ပါ ။ အသားနူးလို့ ဆီကျန်ရေကျန်လေးဖြစ်ချိန်မှာ မိုနဲ့ကြက်ဥ ထည့်ပါ ။
  4. ပုဇွန်ခြောက် အကောင်ကြီးရှိရင် အနည်းငယ်ထည့်ပါ ။ ရေလေးနည်းနည်း ထပ်ထည့်ပြီး ဆီပြန်ရင် အိုးချလို့ ရပါပြီ ။ မွှေးကြိုင်အရသာရှိသော ထမင်းမြိန်သည့် ဟင်းတခွက်ရပါပြီ ။
Credit: မနီ(နော်ဝေး)

Review

User Rating

3.4 (13 Votes)