မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားဟင်းကြိုက်တဲ့သူများအတွက် အမဲသားကို ယိုးဒယားစတိုင်လေးချက်စားနိုင်ဖို့ ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး အပြောင်းအလဲလေးအနေနဲ့ စားသုံးနိုင်ဖို့ မျှော်လင့်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • နံနံပင်အမြစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း၊ နုတ်နုတ်စင်း၍ ကြိတ်ထားပါ)
  • ငရုပ်သီး အစိမ်းရောင်အပု – ၅ တောင့်
  • အစိမ်းရောင် ဟင်းအနှစ် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • အမဲသား – ၂၀၀ ဂရမ်
  • အုန်းနို့ – ၂ ခွက်
  • ငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ထန်းလျက် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆား – ၁/၄ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • အုန်းနို့ခရင် – ၁/၂ ခွက်
  • ရှောက်ဘီလူးရွက် – ၃ ရွက်
  • ပင်စိမ်းအချို – ၁/၂ ခွက်
  • ငရုပ်သီးစိမ်းအနီရောင် – ၁ တောင့် (စောင်းစောင်းလေးလှီးပါ)
  • ဆီ – ၁.၅ ဇွန်း (စားပွဲတင်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. အစိမ်းရောင် အနှစ်ကို ဆီသတ်ပါ ။ အသားများ ရောပါ။
  2. အုန်းနို့နှင့် အရသာများအားလုံးကို ထည့်ပါ ။
  3. ရှောက်ဘီလူးနှင့် အရွက်များအားလုံးကို ထည့်ပါ ။
  4. မီးအေးအေးလေးနဲ့သာ ချက်ရင်တော့ ပိုကောင်းမယ်ထင်တယ်နော် ။
  5. ခရမ်းကြွပ်သီး ၊ ခရမ်းကဇော့သီး ကတော့ ကြိုက်ရင်ထည့်ပါနော် ။

Credit: စွန်းဝူခုန်း