ဟင်းချက်ဝါသနာပါတဲ့ စာဖတ်သူတို့ရေ ဒီတစ်ပတ်မှာတော့ ကြက်သားကို သာမန်ကြော်နေကျပုံစံမဟုတ်ဘဲ ချိုချို၊ ချဉ်ချဉ်၊ စပ်စပ် အရသာလေးပါတဲ့ ကြက်သားကြော်လေး ချက်ကြည်ရအောင်။

ဒီလိုဟင်းလျာကိုတော့ ကိုရီးယားလို Yangnyeom-Tongdak လို့ ခေါ်ပါတယ်။ Yangnyeom ကို “ဟင်းခတ်အမွှေးအကြိုင်”လို့ခေါ်ပြီး Tongdak ကို “ကြက်တစ်ကောင်လုံး”လို့ အဓိပ္ပာယ်ရပါတယ်။ ကြက်တစ်ကောင်လုံးထဲက ပေါင်ချည်းပဲလှီးထုတ်ပြီး ထောပတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့နဲ့ပါဝင်ပစ္စည်းတွေထည့်ပြီး ချို၊ချဉ်၊စပ်အရသာ ရရှိအောင် ကြော်ထားတာပါ။

ပါဝင်ပစ္စည်းများ (လူ ၃ ယောက်၊ ၄ ယောက်စာ)

  • ကြက်ပေါင် ၁.၅ ဂရမ်
  • ဆား
  • ငရုတ်ကောင်းအမည်း
  • Potato Starch Powder
  • ဂျုံမှုန့်

  • Sweet Rice Flour
  • ကြက်ဥ
  • မုန့်ဖုတ်ဆိုဒါ (Baking Soda)
  • ဟင်းသီးဟင်းရွက်ဆီ
  • ကြက်သွန်ဖြူ

  • Ketchup
  • ငရုပ်သီးအနှစ်
  • Rice Syrup
  • ပန်းသီး ရှာလကာရည်

ပြုလုပ်နည်း

ကြက်ပေါင်တွေကို ရေအေးနဲ့ ဆေးပြီး အခြောက်ခံပါ။ ကြက်အတောင်ပံပါ သုံးချင်လည်း ရပါတယ်။ ကြက်အတောင်ပံ ၂၄ ခုက အလေးချိန် ၃ ပေါင်လောက်ရှိပါတယ်။

ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

Potato Starch Powder ½ Cup ကိုထည့်ပါ။ ဂျုံမှုန့် ¼ Cup၊ Rice Flour ¼ Cup ၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥ ၁လုံးတို့ကိုထည့်ပါ။

လက်နဲ့ သေချာမွှေပါ။

ဟင်းသီးဟင်းရွက်ဆီ 6-7 Cups လောက် အိုးထဲထည့်ပြီး အပူပေးပါ။

၇ မိနစ်ကနေ ၈ မိနစ်ာကားလောက် အပူပေးပြီးနောက် ဆီအနေတော်ဖြစ်ပြီလားသိရှိစေဖို့ ကြက်ပေါင် ၁လုံးလောက်အရင်ထည့်ကြော်ကြည့်ပါ။ ဆီတွေက ဆူလာပြီဆိုရင် စတင်ကြော်လို့ရပါပြီ။

ကြက်ပေါင်တွေကို ၁၀ မိနစ် မီးအပူချိန်များများနဲ့ ကြော်ပေးပါ။

ဆီထဲကို ဖယ်ထုတ်လိုက်ပြီး ဆီစစ်ထားပါ။ မိနစ်အနည်းငယ်လောက် ဆီစစ်ထဲမှာထားပါ။

နောက်ထပ် ၁၀ မိနစ်လောက် ကြက်ပေါင်တွေကိုထပ်ကြော်ပြီး ရွှေညိုရောင်ပြောင်းသွားတဲ့အထိ ကြော်ပါ။ ကြွပ်ကြွပ်ဖြစ်အောင် ကြော်ပါ။

တစ်ဖက်က ကြက်သားကြော်နေချိန်မှာ အနှစ်ကိုလုပ်ထားလို့ရပါတယ်။

ဟင်းသီးဟင်းရွက် စားပွဲတင်ဇွန်း ၁ ဇွန်းကို ဒယ်အိုးထဲထည့်ပြီး ကြက်သွန်ဖြူ  ၄ ဥလောက်ထည့်ပြီး ဆီသတ်ပါ။

Tomato Ketchup ခရမ်းချဉ်သီးဆော့စ် 1/3 Cup ၊ Rice Syrub 1/3 Club၊ ငရုပ်သီးအနှစ် 1/4 Club ၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ၇ မိနစ်လောက်အိုးထဲထည့်ပြီး မီးအပူလေးနည်းနည်းလေးနဲ့ မွှေပါ။

ဆော့စ်ကို ပြန်ပြီး အပူပေးပြီး ကြက်သားကို အိုးထဲထည့်ကာ သစ်သားယောင်းမနဲ့ မွှေပေးပါ။

အိုးပေါ်ကနေ ချပြီး ပန်းကန်ထဲထည့်ပြီး နှမ်းလေးတွေဖြူးပေးပါ။