အရိုးကျီးပေါင်း အတွက် ဆေးနည်း

ပူတာအိုမြို့ ရှမ်းရွာ တစ်ရွာမှ တိုင်းခမ်းတီလူမျိုး မိတ်ဆွေတစ်ဦးသည် ခါးနှင့်ကျောရိုး ကျီးပေါင်းတက်နေပြီး ဆေးရုံဆေးခန်း ပြခဲ့သော်လည်း ကြာပြီ ဖြစ်သည့် အတွက် သဘာ၀ ဆေးနည်းဖြင့် ကုသ လို၍ မိမိအားေ ဆးနည်း တောင်းလာသည့် အတွက် အရိုး ကျီးပေါင်းနှင့် ပတ်သက်သော ဆေးနည်းများကို ရှာဖွေပေးခဲ့ ပါသည် ။ ၄လ ၊ ၅လခန့် အကြာမှာ ၎င်းမိတ်ဆွေမှ သူ့ရဲ့ နှစ်ရှည် အရိုးကျီးပေါင်းဟာ သိသိသာသာ သက်သာ ပျောက်ကင်းနေပြီ ဖြစ်ကြောင်း ဝမ်းသာအားရ အကြောင်း ကြားလာပါသည် ။ အလွန်လွယ်ကူပြီး ငွေ အကုန်ကျ နည်းသည့် တိုင်းရင်းဆေး ဆရာကြီး ဦးကြည်လွင်မြင့် (မုဒြာ) ၏ မိတ်သလင်မှု့န်ဖြင့် ကြပ်ထုပ် ထိုးနည်းကို လက်တွေ့ လုပ်ကြည့်ပြီး သက်သာခဲ့ကြောင်း သိရသည် ။ထို့ကြောင့် မိတ်ဆွေတို့ အတွက်လည်း ဆေးနည်းကောင်းလေးကို ထပ်မံ မျှဝေပေးလိုက်ပါသည် ။

၁ – ပရဆေးဆိုင်များတွင် မိတ်သလင်မှု့န့်ကို ဝယ်ပါ ။ (မိတ်သလင်ဥကို ဝယ်၍ ကိုယ်တိုင် အမှုန့်ကြိတ်လျှင် ပိုစိတ်ချ ရပါသည် ။ ပြည်ပရောက်မြန်မာများ ဆေးဆိုင်တွင် အင်္ဂလိပ်လို Galangal ဟု မေးဝယ်ပါ။ Galangal Root(မိတ်သလင်ဥ), Galangal Powder(မိတ်သလင်မှု့န်) စသဖြင့် ပြောနိုင်သည် ။

၂ – အခိုးအငွေ့ ထွက်နိုင်မည့် ပိတ်စကြမ်းဖြင့် ပုံတွင် ပါသည့်အတိုင်း ကြပ်ထုပ်ထိုးနိုင်ရန် ၂ ထုပ် ပြင်ဆင် ထုပ်ပိုးထားပါ ။

၃ – အထုပ်ကို ရေနွေးငွေ့ သို့မဟုတ် မီး အပူရှိန်ဖြင့် အပူပေးပါ ။

၄ – ကြပ်ထုပ်ထိုးမည့်နေရာကို မုံညှင်းဆီး သို့မဟုတ် နမ်းဆီ အနည်းငယ် လိမ်းထားပြီး ထိုးပါက ပို၍ အဆင် ပြေမည် ။

၅ – ကြပ်ထုပ် အပူကို အရိုးကျီးပေါင်း ဖြစ်သည့် နေရာပေါ်ကို ကြပ်ထုပ် ထိုးပေးပါ ။

၆ – တစ်ထုပ် အေးသွားလျှင် နောက် တစ်ထုပ် လဲ၍ တစ်လှည့်စီ ထိုးပါ ။ တစ်ခါထိုးလျှင် ၄၅ မိနစ်ခန့် ထိုးပါ။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်ထိုးပါ ။

၇ – ကြပ်ထုပ်ကို ၂ရက်၊ ၃ရက် ထိုးပြီးလျှင် အသစ်လဲပါ ။

၈ – ကြပ်ထုပ် ထိုးပြီးလျှင် သင်္ဘောရွက်ကို မီးအပူပေး၍ အရိုးကျီးပေါင်းပေါ်ကို အနည်းဆုံး နာရီဝက်ခန့် အုပ်ထားပေးပါ ။ ၎င်းဆေးနည်းသည် ဘေးထွက် ဆိုးကျိုးမရှိသည့် သဘာဝနည်း စစ်စစ်ဖြစ်သည့် အတွက် စိတ် ရှည်ရှည် ထားပြီး လုပ်ပေးရန် လိုအပ်သည် ။ ခါး၊ ကျောရိုး၊ ဒူး၊ ဇက်ကျော စသည့် အရိုးကျီးပေါင်း အားလုံးကို အသုံးပြုနိုင်သည် ။

သတိထားရန် – အရိုးကျီးပေါင်း ဖြစ်သည့် နေရာတွင် ပူခြင်း၊ ယားယံခြင်းများ ဖြစ်လျှင် ပရုပ်ဆီ၊ ဒဏ်ကြေဆေး စသည့် ဆေးအပူများ မလိမ်းပါနှင့် ။ သနပ်ခါး အမြစ်ကိုသာ ဆားအနည်းငယ်ဖြင့် သွေးလိမ်းပါ ။ ကျီးပေါင်း ဝေဒနာရှင်များ အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်ကြပါစေရန် စေတနာဖြင့် ရေးသား မျှေ၀ ပေးလိုက် ပါသည်။

Credit:
– ဦးစောနွဲ့နေဆိုင်(ပူတာအို)
– ကိုးကား – ဆရာကြည်မြင့်လွင်(မုဒြာ)
– စောနွဲ့နေဆိုင် – ပူတာအို
.