အာဟာရဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ အမြဲ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ အသက်အရွယ်နဲ့ အမျှ စိတ်တွေနဲ့ ကိုယ်ခန္ဓာကိုယ်တွေဟာ ပြောင်းလဲနေပြီး ကျန်းမာရေး အခြေအနေဟာလည်း ပြောင်းလဲလာပါတယ်။ အသက် ၅၀ကျော် အရွယ်တွေဟာ ဘယ်လို အစားအစာမျိုးနဲ့ အသီးအနှံတွေကို စားသင့်လဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

၁။ ပန်းသီး

အမျှင်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ ပန်းသီးဟာ လူငယ်တွေ အတွက်တင်မက အသက် ၅၀ကျော်တွေ အတွက်ပါ သင့်တော်နေဆဲ အသီးအနှံတစ်မျိုးပါ။ Antioxidant၊ ပိုဆက်ဆီယမ်နဲ့ ဗီတာမင် စီတို့ အချိုးညီစွာ ပါဝင်ပြီး ကိုလက်စထရော လယ်ဗယ်ကိုလည်း လျှော့ချစေပါတယ်။ သွေးထဲက သကြားဓာတ်လယ်ဗယ်ကို လျှော့ချနိုင်လေ ကျန်းမာလေပါပဲ။

၂။ ကညွတ်

Lycopene တွေ အတော်ပါဝင်တဲ့ ကညွတ်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် စူပါ အစားအစာပါ။ ဗီတာမင် အေနဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး အဆီမတက်စေတဲ့ အတွက် သွေးတွင်း အဆီဓာတ်တွေကို ထိန်းပေးနိုင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး

ပန်းသီးနဲ့ ပါဝင်ပုံခြင်း ဆင်ပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင် စီ ပါဝင်ပြီး ဗီတာမင် ကေ ပါ ထည့်ပေါင်း ပါဝင်ပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း (Broccoli)

ပန်းပွင့်စိမ်းရဲ့ အရသာဟာ နူးညံ့ပြီး ဆိမ့်တဲ့ အရသာ ရှိပါတယ်။ အသက် ၅၀ကျော် အရွယ်တွေ ကြိုက်နှစ်သက်လေ့ ရှိတဲ့ အစားအစာပါ။ အမျှင်ဓာတ်နဲ့ Antioxidant တွေ များစွာ ပါဝင်ပြီးတော့ ဗီတာမင် အေ,စီ,ကေ နဲ့ ဗီမာမင် ဘီနိုင်းတို့ ပါဝင်ပါတယ်။ မျက်လုံးအမြင်အာရုံအတွက် အထောက်အကူ ပေးတဲ့ အစားအစာပါ။

၅။ အမည်းရောင် ချောကလက်

အမည်းရောင် ချောကလက်တွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ပုံမှန် ဖြစ်စေပါတယ်။ ရုတ်တရက် နှလုံးဖောက်ခြင်းတို့ ကနေလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသက် ၅၀ကျော် အရွယ်တွေ စားသင့်တဲ့ အစားအစာပါ။

၆။ ကော်ဖီ

ကဖိန်းဓာတ်ဟာ ဆီးချိုနဲ့ သွေးတိုးကို ကျစေတဲ့ စွမ်းအင် ရှိပါတယ်။ ကော်ဖီလို့ ဆိုရာမှာ ရယ်ဒီမိတ် ကော်ဖီတွေကိုတော့ ရှောင်စေ ချင်ပါတယ်။ ကော်ဖီမှုန့်ကို ဖျော်သောက်ဖို့ အကြံပြုပါရစေ။ အမျိုးသမီးတွေ အတွက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို ကော်ဖီက လျော့ချစေပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃-၅ ခွက်အတွင်းပဲ သောက်သင့်ပါတယ်။ အဲ့လို သောက်ပေးခြင်းဟာ အသက် ၄၀-၆၀ ကြားတွေ အယ်လ်ဇိုင်းမား ဖြစ်ပွားနှုန်း ၆၅ရာခိုင်နှုန်း လျော့ကျစေပါတယ်။

၇။ ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တစ်မျိုးပါ။ ဝမ်းကို မှန်စေပြီး အသက်အရွယ် ကြီးသူတွေ အပြင် လူငယ်တွေပါ သောက်သုံးသင့်ပါတယ်။

၈။ သံလွင်ဆီ

ကျန်းမာရေးအတွက်ကတော့ သံလွင်ဆီဟာ ကောင်းကျိုးတွေ များတာကို သိပြီးဖြစ်ကြမှာပါ။ အသက် ၅၀ကျော် အရွယ်တွေ အတွက်ကတော့ သံလွင်ဆီကို ဟင်းတွေထဲ ထည့်စားသင့်ပါတယ်။ ဗီတာမင် အီးနဲ့ ကေ ပါဝင်ပြီး သွေးတွင်း သကြားဓာတ်ကို ပုံမှန် လည်ပတ်စေပါတယ်။

Credit: remedist