လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စားနေကြတဲ့ အစားအစာတွေဟာ သိပ်ပြီးတော့ မကွဲပြားပါဘူး။ တစ်ချို့ အစားအစာတွေကို မှန်ကန်စွာ တွဲဖက်စားမယ်ဆိုရင်တော့ ကျန်းမာရေး အထောက်အကူ ပိုပြီး ဖြစ်စေမှာပါ။ အာဟာရဓာတ် ပိုရတတ်ပြီး တွဲဖက်တဲ့ အစားအစား နှစ်ခုမှာ အပြန်အလှန် အကျိုးပြုစေတာမျိုးတွေ ရှိစေပါတယ်။ “Two is always better than one” ဆိုတဲ့ စကားလုံးဟာ အစားအစာမှာလည်း မှန်ကန်ပါတယ်။

တစ်ချို့ အတွဲအဖက် အစားအစာတွေဟာ ရောဂါတစ်ချို့ကို ပူးပေါင်းပြီး တိုက်ခိုက်နိုင်ပါတယ်။ အခု မျှဝေချင်တာကတော့ အသားအရေတွေ နီရဲပြီး ဖူးရောင်တာတွေ ဖြစ်စေခြင်းကနေ ကာကွယ်ပေးမယ့် အတွဲအဖက် ၅မျိုးပါ။

၁။ အစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ သံလွင်ဆီ

greens-oil

အစိမ်းရောင် ရှိတဲ့ အရွက်တွေဟာ Antioxidants လိုမျိုး Lutein နဲ့ Beta-Carotene တွေ ပါဝင်ပြီး မကောင်းတဲ့ အဆီဓာတ်တွေ မပါဝင်ပါဘူး။ အရွယ်မတိုင်ခင် အိုမင်းစေခြင်းကို ကာကွယ်သလို မျက်လုံးကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေတဲ့ အစိမ်းရောင် အရွက်တွေဟာ အသားအရေအတွက်လည်း ကောင်းမွန်စေပါတယ်။ သံလွင်ဆီနည်းနည်းနဲ့ သုပ်စားမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပါပဲ။ ဝိတ်ထိန်းနေသူတွေအတွက် သင့်လျော်သလို အသားအရေအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

၂။ ဟင်းနုနွယ် နဲ့ ဘလူးဘယ်ရီ

spinach-blueberries

ဟင်းနုနွယ်နဲ့ ဘလူးဘယ်ရီ ကို Smoothie အနေနဲ့ လေ့ကျင့်ခန်း မလုပ်ခင်/ လုပ်ပြီး အချိန်တွေမှာ သောက်ပေးလို့ ရပါတယ်။ ဘလူးဘယ်ရီကို ၆ပတ် ဆက်တိုက် နေ့တိုင်း စားပေးမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်လို့ ဖြစ်တတ်တဲ့ အသားနာခြင်းကို သက်သာစေပါတယ်။ ဟင်းနုနွယ် ဟာ အသက်ရှု လုပ်ငန်းစဉ်ကို ကောင်းမွန်စေပြီး အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေချိန်တွေမှာ အသက်ရှုမကြပ်အောင် ကူညီပေးပါတယ်။ ဒါ့အပြင်ကြွက်သားတွေကိုလည်း လေ့ကျင့်ခန်းလုပ်နေစဉ်တွေမှာ ကောင်းကောင်း ကူညီပေးပါတယ်။ ဘလူးဘယ်ရီးတွေကတော့ လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားတွေ အားလျော့မှုကို လျှော့ချဖို့ ကူညီပေးပါတယ်။ ဒီနှစ်ခုကို တွဲဖက်စားပေးရင်တော့ အသားအရေ နီမြန်းခြင်းနဲ့ ရောင်ကိုင်းခြင်းတွေကို သက်သာစေပါတယ်။

၃။ ပဲနီကလေးနဲ့ သံပုယိုသီး

lentil-lemon

အမျိုးသမီးတွေ အတွက် သံဓာတ်အားဖြည့်စေဖို့က အရေးကြီးပါတယ်။ သံဓာတ်အားနည်းရင် အသားအရေအတွက် မကောင်းသလို နောက်ဆက်တွဲ မိန်းမရောဂါတွေပါ ဖြစ်လာစေတတ်ပါတယ်။ သံဓာတ်အားကောင်းတစေတဲ့ ပဲအမျိုးမျိုးကို တခြား အစားအစာတွေနဲ့ တွဲဖက်စားပေးဖို့ လိုပါတယ်။ ဒါကြောင့် ပဲနဲ့ လီမွန်ကို တွဲစားပေးခြင်းဟာ အကောင်းဆုံးပါ။

၄။ ကန်စွန်းဥနဲ့ ငရုတ်သီးခြောက်

sweet-potato-cayenne

တွဲဖက်ရတာ မအပ်စပ်သလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကန်စွန်းဥကို ငရုတ်သီးနဲ့ ကြော်ထားတဲ့ သရေစာမုန့်တွေ ရှိပါတယ်။ ငရုတ်သီးမှာ ဘီတာကလိုတင်းလို ဓာတ်တွေ ပါဝင်ပြီး ကန်စွန်းဥမှာတော့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အရေပြားမှာ ဖြစ်ပေါ်စေမယ့် အနှောင့်အယှက်တွေကို ကာကွယ်ဖို့ တာဝန်ယူထားပါတယ်။ ဥပမာ ဝက်ခြံလို ပုံစံမျိုးတွေပေါ့။

၅။ ကြက်သွန်ဖြူ+ကြက်သွန်နီ+ဆန်လုံးညို

garlic-onion-rice

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကတော့ မြန်မာတွေ ဟင်းချက်တိုင်း ထည့်လေ့ရှိပါတယ်။ ဆန်လုံးညိုကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆန်တစ်မျိုးပါ။ ဝိတ်ထိန်းသူတွေနဲ့ ဆီးချိုသမားတွေ အများဆုံးစားကြပါတယ်။ သူတို့ ၃မျိုးကို တခါတည်း စားမယ်ဆိုရင်တော့ အသားအရေနဲ့ ဆိုင်တဲ့ ရောဂါတွေ မဖြစ်စေသလို အသားအရေ နီမြန်းခြင်းတို့ကို မဖြစ်စေပါဘူး။

Credit: prevention.com