အသားအရေတွေဟာ ရာသီဥတုကြောင့် ပျက်ဆီးကြတာ များသလို မိတ်ကပ်နဲ့ အခြား ဓာတ်မတည့်တဲ့ အရာတွေကြောင့်လည်း ပျက်ဆီးတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အခါ၊ အဆီပြန်တတ်တဲ့ အသားအရေရှိသူတွေ၊ ဆေးလိပ်နဲ့ အရက်တွေကြောင့်လည်း အမည်းစက်တွေ ဖြစ်ပေါ်စေတတ်ပါတယ်။

အထူးသဖြင့် မျက်နှာမှာ ဖြစ်တဲ့ အမည်းစက်တွေနဲ့ ဝက်ခြံ အမာရွတ်တွေဟာ ကြည့်ရဆိုးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းစေတတ်ပါတယ်။ ဒီအမာရွတ်တွေနဲ့ အမည်းစက်တွေကို အိမ်မှာပဲသက်သာသွားအောင် ပြုလုပ်လို့ ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေဟာ အမည်းစက်တွေ လျော့နည်းသွားစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ခရမ်းချဉ်သီးမှာ ရောဂါပိုးတွေကို သေစေနိုင်တဲ့ သဘာဝဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ခရမ်းချဉ်သီးကို လှီးပါ။ အကွင်းလိုက်လေးတွေဆို ပိုကောင်းပါတယ်။ အမည်းစက်တွေ ရှိတဲ့နေရာကို ပွတ်ပေးပြီး ၁၅မိနစ်လောက် တင်ထားပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ တဟဟ်ပတ်မှာ ၂-၃ခါလောက် လုပ်ပေးပါ။

Lemon Scrub

လီမွန်ဟာ အသားအရေအတွက် သဘာဝက ပေးတဲ့ ဆေးတစ်မျိုးပါပဲ။ အသားအရေပုံမှန် မဖြစ်တာတွေကိုလည်း ပြုပြင်ပေးနိုင်သလို အမည်းစက်တွေ အတွက်လည်း အသုံးဝင်ပါတယ်။ Scrub လေး လုပ်ပေးရင်တော့ ထိရောက်မှု မြန်ဆန်ပါတယ်။ ပြုလုပ်ရမှာကတော့ လီမွန်တွေကို ခြမ်းပြီး ပန်းကန်လုံး တစ်ခုထဲ အရည်တွေကို ညှစ်ထည့်ပါ။ ဆား လက်ဖက်ရည် ဇွန်းတစ်ဇွန်းထည့်ပါ။ ပြီးရင် သမအောင် မွှေပါ။ မျက်နှာကို သန့်စင်အောင် သစ်ထားပါ။ အမည်းစက်တွေပေါ်ကို Lemon Scrub အစက်လေးချပြီး ၂၀မိနစ်လောက်ထားပါ။ ပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးချလိုက်ပါ။ နည်းနည်းတော့ စပ်ပါလိမ့်မယ်။

ကြက်ဥအကာ

ကြက်ဥဟာ အမည်းစက်တွေကို ကုသရာမှာ အစွမ်းထက်တဲ့ နောက်နည်းလမ်း တစ်မျိုးပါ။ နည်းလမ်းကတော့ လွယ်ကူပါတယ်။ ကြက်ဥကို ခွဲလိုက်ပြီး အကာချည်းပဲ ယူပါ။ ပျားရည်အနည်းငယ်နဲ့ရောပြီး မျက်နှာပေါ်မှာ အနှံ့သုတ်လိမ်းပေးပါ။ မိနစ် ၃၀လောက် ထားပြီး ရေခပ်နွေးနွေးနဲ့ ဆေးချပစ်ပါ။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို အနည်းငယ် ယူပြီး ရေနဲ့ ဖျော်လိုက်ပါ။ ပြီးရင် မျက်နှာအနှံ့လိမ်းပေးပါ။ ခြောက်သွားတဲ့ အထိစောင့်ပြီး ထားပါ။ ရရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။ မျက်နှာ ဟာ ချောမွေ့ပြီး နူးနူးညံ့ညံ့လေး ဖြစ်နေပါလိမ့်မယ်။

သစ်ကြားပိုးခေါက်

သစ်ကြားပိုးခေါက်မှုန့်ကို သံပုရာရည် အနည်းငယ်နဲ့ ရောပြီး လိမ်းပေးနိုင်ပါတယ်။ သူ့အစား နနွင်းနဲ့လည်း လုပ်လို့ရပါတယ်။ လိမ်းထားပြီး တစ်ညလုံး ထားလိုက်ပါ။ မနက်အိပ်ယာထချိန်မှ ရေအေးနဲ့ ဆေးပစ်ပါ။ ဆားဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

Credit: zeenews