အိမ်မှာကျန်နေတဲ့ ဟင်းသီးဟင်းရွက် ဟိုနဲနဲ ဒီနဲနဲ တွေကို အလေအလွင့် မဖြစ်အောင် ကြက်သည်းမြစ်နဲ့ ရောကြော်ထားတဲ့ အရသာလည်းရှိ ၊ လုပ်ရလည်းလွယ် ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အသီးအရွက်စုံကြော်လေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အသဲ ၁ စုံ (အနေတော် လှီးထာပါ)
  • ပဲပင်ပေါက်
  • ပြောင်းဖူးအသေး ၈ တောင့် (သေးသေးတုံး ထားပါ)
  • ပဲတောင့်ရှည် ၃ တောင့် (အနေတော် လှီးထာပါ)
  • ငရုတ်းသီးစိမ်း အနီတောင့် ၁ တောင့် (သေးသေးလှီးထားပါ)
  • ခရမ်းချဉ်သီး တခြမ်း (ခပ်ထူထူ လှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (တပြား ရိုက်ထားပါ)
  • ပဲငံပြာရည် အကြည် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ဆီပူလာလျင် ကြက်သွန်ဖြူကို ဆီပူထိုးပါ ။
  2. ပြီးလျင် ပြောင်းဖူးအသေး ၊ ပဲတောင့်ရှည် ၊ ငရုတ်းသီးစိမ်း အနီတောင့်ကို ထည့်ကြော်ပါ ။
  3. ပြီးလျင် ခရမ်းချဉ်သီး ၊ ပဲပင်ပေါက်ကို ထည့်ကြော်ပါ ။ ပဲငံပြာရည် အကြည်ကို ထည့်ပါ ။
  4. ဒယ်အိုးထဲတွင် အသီးအရွက်များ၏ အလယ် နေရာတွင် ကြက်အသဲကို ထည့်ကြော်ပါ ။ ပြီးလျင် ကြော်ထားသည့် အသီးအရွက်များနှင့် ရောပါ ။
  5. အရသာ အပေါ့အငံ မြည်း၍ ဆားလိုလျင် ထည့်ပြီး ရိုးရှင်းတဲ့ ဟင်းရွက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar