အသီးအရွက် ချဉ်ငံစပ်ထောင်း

Share this on:

ပါဝင်ပစ္စည်းများ

  • မျှစ်
  • ကန်စွန်းရွက်
  • မှို
  • ခရမ်းကျွတ်သီး
  • ပဲသီး
  • ခရမ်းချဉ်သီး
  • စိမ်းစားငါးပိ
  • ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီ
  • ပုဇွန်ငံပြာရည်
  • သကြား
  • မကျည်းမှည့်
  • သံပုရာသီး
  • မုန့်ဟင်းခါးဖတ်
  • အသားလုံး
  • အမဲအူကြမ်း

ပြုလုပ်နည်း

  1. ယိုးဒယားသဘောင်္သီးထောင်းစားသလိုမျိုးပါပဲ အသားလုံးရယ်၊ အသီးအရွက်တွေကို ချဉ်ငံစပ် ထောင်းထားတာပါ။ အမဲသားစားရင် ပြုတ်ထားတဲ့ အမဲအူကြမ်း ထည့်ပြီး သုတ်လို့လည်း ရပါတယ်။
  2. မျှစ်၊ ကန်စွန်းရွက် ၊ မှို ၊ ခရမ်းကျွတ်သီး၊ ပဲသီး ၊ ခရမ်းချဉ်သီး၊ မုန့်ဟင်းခါးဖတ်တို့ကို စိမ်းစားငါးပိ မီးဖုတ်ပြီး ငရုတ်သီးစိမ်း၊ မကျည်းမှည့် ၊ သကြား၊ သံပုရာသီး တို့နဲ့ ချဉ်ငံစပ်ရောပြီး ထောင်းထားပါ။ အပေါ့အငံမြည်းရ်ျ လိုအပ်လျှင် ပုဇွန်ငံပြာရည်ကို ထည့်ပါ။
Credit: အိမ်ဟင်းလေးတခွက်

Review

User Rating

2.7 (12 Votes)