ပါဝင်ပစ္စည်းများ

  • မုန့်ဖတ်
  • ငါးရွှေ  ရ၀ သား
  • မျှင်ငပိ  ၃ဇွန်း (ထမင်းစားဇွန်း)
  • ပဒဲကော – လက်တစ်ဆစ်
  • ကြက်သွန်ဖြူ ၂ ဥ

  • ငရုပ်ကောင်း  (မိမိနှစ်သက်သလောက်)
  • ဆား   အနည်းငယ်
  • အချိုမှုန့်  အနည်းငယ်
  • ရေ
  • ငရုပ်သီးစိမ်း

  • ငါးဖယ်ကြော်
  • ပဲကြော်
  • မကျည်းသီးမှည့်ရည်
  • ကြက်သွန်နီ (နှစ်သက်ပါက)
  • နံနံပင်

ပြုလုပ်နည်း

  • ငါးကို သန့်စင်ပါ ။  ဒန်အိုးထဲတွင် ငါးနှင့် ရေကို ဆူပွက်သည် အထိ တည်ပါ ။ ငါးမှ အသားများကို ထွင်ပြီး ငါးအသားး တဝက်ကို ငါးပြုတ်ရည်အိုးထဲသို့ ပြန်ထည့်ပါ ။  ကျန်ငါးအသား တဝက်ကို လှာ်ထားပါ ။ မျှင်ငပိကို ကျိုပြီး အပေါ်ရည်ကို စစ်ရျ် ပဒဲကော ၊ ငရုပ်ကောင်း နှင့်  ကြက်သွန်ဖြူထောင်း ၊ ဆား နှင့် အချိုမှုန့် အနည်းငယ်  တို့ကို ငါးပြုတ်ရည် အိုးထဲသို့ ထည့်ပါ။
  • ရေကို လိုသလောက် ထပ်ထည့်ပြီး ဟင်းရည် ဆူလာသည်အထိ တည်ပါ။ မိမိနှစ်သက်ရာ အရသာ ရပါက ငါးပြုတ်ရည်အိုးကို မီးဖိုပေါ်မှ ချလိုက်ပါ။ ငရုပ်သီးစိမ်းကို ဒယ်အိုးထဲတွင် ရေ အနည်းငယ် နှင့် ထည့်ပြုတ်ပြီး၊ ရေခမ်းသွားလျင် အနည်းငယ်လှော်ပြီး ၊ ဆားနဲနဲနှင့် ညက်နေအောင် ထောင်းပါ။ ငရုတ်သီးတောင်း ရပါပြီ။ အာပူအရည် ငရုပ်သီးထာင်းကို ငါးပြုတ်ရည်ထဲသို့ ထည့်ချက်ပါ။
  • အာပူအရည်ကို စားလိုပါက ပန်းကန်ထဲတွင် မုန့်ဖတ် ၊ ငါးဖယ်ကြော် ၊ ပဲကြော် ၊ ငရုပ်သီးထောင်း ၊ နံနံပင် နှင့် ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ အာပူအသုတ်ကို စားလိုပါက ပန်းကန်ထဲတွင် မုန့်ဖတ် ၊ ငါးအသားလှော် ၊ ငါးဖယ်ကြော် ၊ ငဂုပ်သီးထောင်း ၊ မကျည်းသီးမှည့်ရည် ၊ အချိုမှုန့်  ၊ ဆား ၊ နံနံပင် တို့နှင့် သုတ်ပြီး ငါးပြုတ်ရည်ဖြင့် တွဲဖက် စားသုံးနိုင်ပါသည်။

MyFood Myanmar