ပါဝင်ပစ္စည်းများ

  • ငါးကြင်းဖြူ ခုတ်သား – ၂၀သား
  • ငါးဖယ်ခြစ် – ၁၀သား
  • စပါးလင် – ၄ပင်
  • ဂျင်း – လက်တဆစ်ခန့်
  • ကြက်သွန်နီ – ၃ လုံး
  • ကြက်သွန်ဖြူ – ၁ လုံး
  • ဆီ – ၂ ဟင်းစားဇွန်း (ငါးဆီသက်ရန်)
  • ငံပြာရည် – သင့်ရုံ
  • ဆား
  • ငရုပ်ကောင်းစေ့ -အနည်းငယ်
  • နံနံပင်
  • ကုလားပဲ
  • ရွှေလိပ်ပြာ အကြော်မှုန့် အနည်းငယ်
  • ငပိ၊ ငြုပ်သီးစိမ်း – စိတ်ကြိုက်
  • ကြက်ဥ – ၃ လုံး
  • မုန့်ဖက် – ၅၀ သား
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

ပထမဦးစွာ ပဲကပ်ကော်ရန် ကုလားပဲများ နူးရန် ရေစိမ်ထားပါ။ ငါးများကို ရေဆေး သန့်စင်၍ စပါးလင် ၂ပင် ထုပြီး ငံပြာရည်သင့်ရုံ၊ ရေနွေးသင့်ရုံဖြင့် မွှေးလာအောင် ပြုတ်ပါ။ ပြီးလျှင် အရိုးသင်ထားပါ။

ကျန်စပါးလင်၂ ပင်နုတာလေးတွေလှီး၊ ကြက်သွန်နီ၊ ငရုပ်ကောင်းများများ ညက်အောင်ထောင်းကာ ဆီနှစ်ဇွန်းဖြင့် မကပ်တဲ့ အိုးမှာ အနံမွှေးလာအောင် ဆီသက်ပေးပါ။ ဂျင်းကို ထုပြီး ထည့်ပါ။

ပြီးလျှင် ရေကိုစိတ်ကြိုက် ထည့်ကာ ဟင်းရည်ကျအောင် ကျိုပေးပြီး အပေါ့ အငံ အတွက် ဆားသင့်ရုံ ထည့်ပေးပါ။ ဟင်းရည် အတွက် ရပါပြီ။ လတ်ဆတ်တဲ့ ငါးဆိုတော့ အချိုမှုန့်၊ အရသာမှုန့်မလိုပါ။

ငါးဖယ်များကို ဆားသင့်ရုံ ထည့်နယ်ကာ ကြော်ထားပါ။ ကုလားပဲနူးလျှင် ရွှေလိပ်ပြာမှုန့် ကျဲကျဲဖြင့် ဆားသင့်ရုံထည့်ကာ ကြော်ပေးထားပါ။

မီးကင်ထားသော ငပိများကို လှော်ထားသော ငြုပ်သီးစိမ်း၊ ကြက်သွန်ဖြူများဖြင့် ညက်အောင် ထောင်းပေးပါ။

အားလုံးပြီးလျှင် မုန့်ဖက်၊ ကြက်ဥ၊ ငါးဖယ်ကြော်၊ ပဲကပ်ကြော်၊ ငပိထောင်းစပ်စပ်၊ နံနံပင်၊ သံပုရာသီး များဖြင့် မိမိစိတ်ဝကြိုက် ပြင်ဆင်ကာ ဟင်းရည် ပူပူလေး ထည့်ကာ သုံးဆောင် နိုင်ပါပြီ။

Credit: Soe’s Cooking Collection

 

https://www.youtube.com/watch?v=OTtKi5ixV4