ပါဝင်ပစ္စည်းများ

လူ ၆-၈ယောက်စာ

  1. အာလူး – 2 kg (၄ ပေါင်)
  2. ထောပတ်125 g (8 Tbsp) (အရည်ဖျော်ထား)
  3. ငရုတ်ကောင်းမှုန့် – အနည်းငယ်
  4. ဆား – အနည်းငယ်

ပြုလုပ်ပုံ

Oven ကို 190°C ထားရျ် ပူအောင် မိနစ် ၂၀ခန့် ဖွင့်ထားပါ။

အာလူးကို ခြစ်နဲ့သို့ ဓားဖြင့် မထူ မပါး လှီးပါ။

ချက်မည့် ဗန်းထဲတွင် မှာ အရည်ဖျော်ထားတဲ့ထောပတ် 2 Tablespoon ကို Brush ဖြင့်နှံ့အောင်သုတ်ပါ။

အာလူးချပ်များကို ပုံတွင် ပြထားသည့် အတိုင်း ညီညီစီပါ။

လက်ကျန် ထောပတ် အကုန်ကို အာလူးများ အပေါ်မှနှံ့အောင် ဖြူးပါ။

ဆား၊ ငရုပ်ကောင်းဖြူးပါ။ (Rosemary (သို့) Thyme ရှိက အနည်းငယ် ဖြူးထဲ့နိုင်ပါတယ်။)

Oven 190°C မှာ ၁နာရီလောက် လောက် အာလူးအဖျားများ ကြွပ်ကြွပ်လေး ဖြစ်သည် အထိကင်ပြီးရင် သုံးဆောင်လို့ရပါပြီ။(အိမ်မှာ လူသုံးလေးယောက် စာပဲ လုပ်စားမယ် ဆိုရင်တော့ ပါဝင်ပစ္စည်းများကို ထက်ဝက်လျော့ပြီး Baking Time ကို လိုသလို ပြန်ညှိနိုင်ပါတယ်။)

ကြက်ကင်၊ ငါးကင်၊ အအေး၊ cocktail တို့နဲ့တွဲဖက်ပြီး Christmas၊ New Year Celebration တို့မှာ အလွယ်တကူ လုပ်စားလို့ရတဲ့ Williams Sonoma ရဲ့ အာလူးကင်လုပ်နည်းပါ။

Credit: ShweThu