အာလူးကဗျာလွတ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • အားလူးအလုံးသေး ၂၅ကျပ်သား
  • ထောပတ် ၁ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၂ပင်

ပြုလုပ်နည်း

  1. အာလူးတွေကို ရေဆေးပြီး အခွံခွာပြီး အနည်းငယ်လေး ကွဲအက်သွားအောင် ထုခြေပေးပါ။
  2. မကပ်တဲ့ဒယ်အိုး (Non-Stick Pan ) မှာ ထောပတ်ကိုအပူပေးပါ။ (အနိမ့်ဆုံးမီးအပူချိန်ဖြစ်ရပါမယ်)
  3. အာလူးတွေကိုထည့်ပြီးအဖုံးဖုံးထားပါ။ (အဖုံးဖုံးထားမှ အာလူးရဲ့အတွင်းသားတွေ ထိကျက်ပြီး လျှော့ချထားတဲ့ မီးအပူချိန်ကြောင့် အပြင်ဖက်မှာ မိမိလိုချင်တဲ့ အရောင်နှင့် ကြွပ်ရွမှုကိုရမှာပါ။)
  4. ပုံပါအတိုင်း မိမိလိုချင်တဲ့ အနေအထားရောက်ပါမှ ဆား၊ ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။
  5. ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေး အပေါ်မှဖြူးပေးပါ။
Credit: ဟင်းချက်နည်းများ

Review

User Rating

5 (1 Votes)