အာလူးဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • အာလူး - ၅ လုံး (အနေတော် အတုံးတုံးထားပါ)
  • ကြက်သွန်ဖြူ - ၅ မွှာ (တပြား ရိုက်ထားပါ)
  • ကြက်သွန်နီ - ၂ လုံး (ထူထူ လှီးထားပါ)
  • ခရမ်းချဉ်သီး - ၂ လုံး (ထူထူ လှီးထားပါ)
  • ပျဉ်တော်သိမ်ရွက် - အနည်းငယ်
  • နနွင်းမှုန့် - အနည်းငယ်
  • မုန်ညှင်းစေ့ - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ ပျဉ်တော်သိမ်ရွက်ကို ဆီသတ်ပါ ။
  2. ဆီသတ်ထားသော ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီး ကိုထည့်ရ်ျ နှံ့စပ်အောင် မွှေပါ ။
  3. ပြီးလျင် တုံးထားသော အာလူး ၊ ဆားကို ထည့်ရ်ျ ဆီသပ်ထားသော အဆာပလာများနှင့် လုံးပါ ။ အားလုံး နှံ့စပ်သွားလျင် ရေအနည်းငယ်ထဲ့ရ်ျ အဖုံးအုပ်ရ်ျ တည်ပါ ။
  4. ရေခမ်းရ်ျ အာလူး မကျက်သေးလျင် ရေကို နဲနဲစီ ထည့်ပါ ။ ရေ အများကြီး တခါထဲ မထည့်ရပါ ။
  5. အာလူး နူးကာနီးတွင် မုန်ညှင်းစေ့များ ထည့်ပါ ။
  6. ရေခမ်းသည်အထိ မချက်ရပါ ။ အာလူးနူးရ်ျ ဆီကျန်ရေကျန် အနေတွင် မီးဖိုပေါ်မှ ချရပါမည် ။
  7. အရသာ အပေါ့အငံ မြည်းရ်ျ သက်သပ်လွတ် အာလူးဟင်းကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.3 (3 Votes)