ဟင်း - Curry | အသီး - Fruits

အာလူး ချဉ်စပ်

April 18, 2016

အာလူး ချဉ်စပ်

Share this on:

ရှမ်းဆိုင် ပုံစားတွေမှာ ရောင်းတဲ့ အာလူး ချဉ်စပ်လေးပါ ။   လွယ်ကူပြီး စားလို့ ကောင်းလို့ လုပ်စားကြည့်ပါ ။

ပါဝင်ပစ္စည်း များ

  • အာလူး - ၂လုံး (သို့ ) ၃ လုံး
  • ဂျင်း - လက်တဆစ် (အချောင်းလေးတွေလှီးပါ)
  • Chili Garlic Sauce - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Vinegar - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား
  • သကြား (သို့ ) ဟင်းချို မှုန့် 

ပြင်ဆင်ပြုလုပ်နည်း

  1. ကြော်မည့် အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာရင် ဂျင်းကို ထည့်ပါ ။ ဂျင်း အနံ မွှေးလာရင် Chili Garlic Sauce ကိုထည့်ပါ ။
  2. ပြီးလျှင် ချက်ချင်း အာလူးပါးပါးလေးတွေ ထည့်ပါ ။ ရေအနည်းငယ် ၊ ဆား ၊ သကြား(သို့ ) ဟင်းချိုမှုန့် ၊ Vinegar တို့ ကိုထည့်မွှေပါ ။
  3. အိုးကို မအုပ်ရင် ပိုကောင်းပါတယ် ။ မွှေရင်းနဲ့ အာလူး ကို မပျော့ပဲ မာဆပ်ဆပ် အနေအထားမှာ အိုးပေါ်မှချပါ ။ ( ၃မိနစ် လာက်ဆို ရပါတယ်)
Credit: ဟင်းချက်နည်းများ

Review

User Rating

0 (0 Votes)