ပျော်ပျော်ပါးပါး အလွယ်တစ်ကူ ကျန်းမာရေးနှင့် ညီညွတ်စွာ မိသားစု သူငယ်ချင်းများ စုမိတဲ့အခါလုပ်စားလို့ ရအောင် Ma Syilwin ရဲ့ ပီဇာ လုပ်နည်းလေး ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံအနှစ်တုံး (Dough) – ၃၀၀ ဂရမ် (Dough) ဂျုံအနှစ်အသားတုံး
  • ခရမ်းချဉ်သီး အလုံးကြီး – ၂ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • Thyme – ၃ ပင် (အရွက်တွေချွေထားပါ)
  • ချီစ်ပြား – ၁၀ ပြား (ဆန်းဝှေ့လုပ်စားသော ချီစ်ချပ်များ)
  • သံလွင်ဆီ – ၂ ဇွန်း စားပွဲဇွန်း
  • ရှာလာကာရည် – လိုသလောက် (ပီဇာပေါ်ဖျန်းစားနိုင်ပါတယ်)
  • ဆားကြမ်း – အနည်းငယ်

ပြုလုပ်နည်း

  1. ဒိုး (ဂျုံအနှစ်တုံး) ကို ကိုယ်လိုချင်သလို အဝိုင်း လေးဒေါင့်ကို ဂျုံအနည်းငယ်ဖြူးထားသော စားပွဲပေါ်တင်ပြီး မုန့်လှိမ့်တလိမ့်တုံးဖြင့် လှိမ့်ပြီး ပီဇာအောင်သားမုန့်ချပ် ရအောင်လုပ်ပါ ။ ပီဇာချပ် အထူအပါးလဲ ကိုယ့်စိတ်ကြိုက် လုပ်နိုင်ပါတယ် ။
  2. ပီဇာ ဒိုးချပ်ရလျင် ဆီဆမ်းပြီး အာဗင်ထဲ အပူချိန် ၂၀၀ ဒီဂရီဖြင့် ပီဇာသား နည်းငယ်အရောင်တက်ရုံ တည်ပါ ။
  3. လှီးထားသော ခရမ်းချဉ်သီး အကွင်းများကို မကပ်သော အကင်ဘန်းပေါ်စီတင်ပြီး အပေါ်မှနေ ဆားဖြူး ၊ Thyme အရွက်များ နှံ့အောင် လိုက်ဖြူးပါ ၊ ဆီဆမ်းပါ ။  ပြီးလျင် ၁၅၀ ဒီဂရီ အပူချိန်ဖြင့် အာဗင်ထဲမှာ ၁ မိနစ်လောက် ကင်ပါ ။  အာဗင်ထဲမှ ထုပ်ပြီး အအေးခံထားပါ ။
  4. မကျက်တစ်ကျက်ကင်ထားသော မုန့်ချပ်အပေါ် ချီစ်ချပ်လေးများ စီတင်ပါ ။  ပြီးလျင် ကင်ထားသော ခရမ်းချဉ်သီးများ ချေတင်ပါ။ အပေါ်မှ Thyme အရွက်လေးများ ထပ်ဖြူးပါ ။  ပြီးလျင် အာဗင်ထဲထည့်ပြီး ၅-၈ မိနစ်လောက် အပူချိန် ၂၀၀ဒီဂရီနဲ့ ကင်ပါ ။ ပီဇာအနားသားကျွတ်လျှင် ရပါပြီး ။  အနေတော်လေးတွေ ပိုင်းပြီး ပူပူလေးသုံးဆောင်လို့ ရပါပြီး ။ ရှာလာကာရည် ကြိုက်သောသူများ အနည်းငယ် ဆမ်းစားနိုင်ပါတယ် ။

Credit: Syilwin Foodsgarden