အိမ်ထောင်ရေး သုခ မရစေတဲ့ အခါ အိမ်ထောင်ရေး သာယာမှု ပျက်ပြားနိုင်ပြီး ကလေးရနိုင်ချေ နည်းပါးသွားတတ်ပါတယ်။ ဒီလို အခြေအနေမျိုးဟာ အိမ်ထောင်ရှင်တိုင်း အတွက် အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ အစားအစာတွေဟာ ဒီလို ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေပါတယ်။

အထူးသဖြင့် အမျိုးသားတွေ အိမ်ထောင်ရေးသုခ ပြည့်စုံစေဖို့ အတွက် ရှောင်ရမယ့် အစားအစာ ၅မျိုးရှိပါတယ်။

ကဖင်း

တစ်နေ့ကို ကဖင်းဓာတ် 300mg (ကော်ဖီခွက်နဲ့ဆို ၃ခွက်) အနေအထားဟာ အမျိုးသားတွေ အတွက် သင့်တော်ရုံပါပဲ။ ဒီထက်ပိုပြီး သောက်သုံးမယ်ဆိုရင်တော့ သင့်ရဲ့ အိမ်ထောင်ရေးသုခကို ဖျက်ဆီးတော့မယ့် အရာဟာ ဖြစ်သွားပါလိမ့်မယ်။ သုတ်လွှတ်နည်းစေခြင်း၊ အားကုန်ခြင်း၊ မောပန်းခြင်းတွေကို ခံစားရပြီး ၃၅နှစ်နဲ့ အထက်တွေမှာ ဒီလို ပြဿနာမျိုးတွေ ရှိတတ်ကြပါတယ်။

အယ်ကိုဟော

အယ်ကိုဟောဓာတ်တွေ ခန္ဓာကိုယ်ထဲ များတဲ့အခါ သုတ်လွှတ်တဲ့ အခါမှာ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။ လေ့လာတွေ့ရှိချက် အရ အရက်သောက်ထားတဲ့ လူအများစုရဲ့ သုတ်ကောင်တွေဟာ ကလေးရဖို့ အားနည်းတယ်လို့ ဆိုပါတယ်။

ပဲပိစပ်ကို အခြေခံထားတဲ့ အစားအစာများ

ပဲပိစပ်ကနေ ထုတ်ထားတဲ့ အစားအစာတွေကို ညစာ အဖြစ်မစားသင့်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေပါ။ သူတို့ဟာ အမျိုးသားဟော်မုန်းဓာတ်ကို လျှော့ချပေးပြီး သုတ်လွှတ်တဲ့အခါ မအောင်မြင်နိုင်တဲ့ အကောင်တွေပဲ ရစေပါတယ်။

အသင့်လုပ်ထားတဲ့အသားတွေ

၂၀၁၄ ဟားဗတ် တက္ကသိုလ်ရဲ့ လေ့လာသူတွေ တွေ့ရှိချက်အရ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဘေကွန်၊ ဆလာမီ တို့မှာ ပါတဲ့ အသားတွေဟာ အသင့်လုပ်ထားတဲ့ အသားတွေ ဖြစ်တာကြောင့် သုတ်လွှတ်တဲ့အခါ ၂၃% နည်းပါးသွားတာ တွေ့ရှိရတယ် ဆိုပါတယ်။

ဆီကြော်အစားအစာများ

ဆီနဲ့ ကြော်ထားတဲ့ သရေစာတွေဟာ အိမ်ထောင်ရေး သုခကို ဒုက္ခပေးစေနိုင်တဲ့ အစားအစာတွေပါ။

Credit: zeenews