ဒိန်ချဉ် လုပ်နည်းကို အတော်များများ သိပြီးသား ဖြစ်မှာပါ။ များသော အားဖြင့် နွားနို့ထဲ ဒိန်ချဉ် အနည်းငယ်ရော ထည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ ခုပြောပြချင်တာက ထည့်စရာ ဒိန်ချဉ်မရှိရင် ဘယ်လိုစပြီး လုပ်ရတယ် ဆိုတာလေး ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်း

  • နွားနို့
  • မြေအိုး

ပြုလုပ်နည်း

အိုးသစ်တစ်လုံးကို ရေဆေး သန့်စင်ပြီး ခြောက်အောင်ထားပါ။

ခြောက်နေသော အိုးထဲသို့နွားနို့ အနည်းငယ် (ကျိုပြီးသား အအေး သို့နွေးနွေး) စားပွဲတင် ၃ဇွန်းခန့် ကို ထည့်ပြီး အဖုံးဖုံးကာ နေပူတွင် နေ့တပိုင်းခန့် ထားပါ။ အတွင်းပိုင်း မှနို့လေးများ ခဲပြီး ဒိန်ချဉ်နံ့ ထွက်လာလျှင် ဒိန်ချဉ် ပြုလုပ်ရန် အဆင်သင့် ဖြစ်ပါပြီ။

အိုးသန့်သန့် တစ်ခုတွင် ဒိန်ချဉ် ပြုလုပ်မည့်နွားနို့ကို ထည့်ပြီး ဆူပွက်အောင် ၁၀မိနစ်ခန့် တည်ပေးပါ။

ဆူပွက် ပြီးသောနို့ကို ကြက်သီးနွေး အနေထားထိ အအေးခံ ထားပါ။

လိုအပ်သော အနွေး အနေထား ရောက်ပါက ဒိန်ချဉ် အလျင် အသင့်ပြု လုပ်ထားပြီး သော အိုးထဲသို့ အနည်းငယ် ထည့်ကာ အောက်ခြေမှ ဒိန်ချဉ်ခဲ လေးများကို ကြေအောင် ခြေပေးပါ။

ပြီးလျှင် ဒိန်ချဉ်အိုး တည်ထားမည့် နေရာတွင် ထားပြီး ကျန်နွားနို့ကို လောင်းထည့်ကာ သမအောင် တချက် မွေပေးပြီး အဖုံး လုံအောင် ပိတ်ထားပါ။ အိုးကို ရွေ့ချင်း ပြုချင်း မပြုရ ။နို့ကွဲ တတ်ပါတယ်။

အခန်း၏ ပူနွေးသော နေရာဖြစ်ပါက ၆နာရီခန့်တွင် ဒိန်ချဉ်ကို စတင် သုံးဆော င်နိုင်မှာ ဖြစ်ပါတယ်။အချိန်ပို ထားပါက အချဉ် အရသာ ပိုပြင်းလာမှာ ဖြစ်ပြီး လိုအပ်သော အနေထား ရပါက ရေခဲသေတ္တာတွင် ပြောင်းပြီး သိမ်းဆည်း သုံးဆောင်နိုင် ပါပြီ။

**ကုန်ခါနည်းလျှင် ဒိန်ချဉ် လက်ကျန် ချန်ထားပြီး ဆင့်ပွား ပြုလုပ် သွားနိုင်ပါပြီ။ မြေအိုးကို အသုံးပြုခြင်းက ပိုအဆင်ပြေ ပါတယ်။

Credit: Sofia Food Paradise