အီတာလျံ Restaurant တွေရဲ့ နာမည်ကျော် Main Course တမျိုးဖြစ်တဲ့ အမဲကြော်ပါ။ အပြင်က ကြွပ်ကြွပ်ရွရွလေးဆိုပေမယ့် အတွင်းသားကတော့ နူးအိနေတာပဲနော်။

လိုအပ်သောပစ္စည်းများ

  • အမဲသားပြား – နှစ်ပြား
  • ချိစ့် – ခွက်တဝက်
  • ပေါင်မုန့်ခြောက် (Bread Crumbs) ခွက်တဝက်
  • ကြက်ဥ – တလုံး
  • နို့ – တခွက်

  • ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

၁။ ကြက်ဥတလုံးနဲ့ နို့တခွက် ရောပြီးခေါက်ပါ ။

၂။ ပေါင်မုန့်ခြောက် ခွက်တဝက်နဲ့ ချိစ့် ခွက်တဝက် ရောပြီး မွှေထားပါ ။

၃။ အမဲသားကို ဆား ငရုတ်ကောင်း လူးပါ ။

၎။ အမဲသားပြားကို ကြက်ဥရည်ထဲ ထည့်စိမ်ပြီး ချိစ့်နဲ့ ပေါင်မှုန့်ခြောက် ရောထားတဲ့ ပုဂံထဲ နှုစ်ပြီး သေချာ coated လုပ်ပါ ။

၅။ ဆီနည်းနည်းနဲ့ ကြော်ပါ ။ တဖက်စီ လှန်ပေးပါ ။ ကျက်ရင် နှစ်သက်ရာ Salad သို့မဟုတ် သံပုရာစိတ်လေးနဲ့ သုံးဆောင်နိုင်ပါပြီး ။

Credit: Food Madness