အရောင်တွေမပါတဲ့ အဖြူထည် အုန်းစိမ်းနုနုကျောက်ကျောလေးကို ခဏခဏ လုပ်စားဖြစ်တယ်။ အချိန်လည်အများကြီး ပေးစရာမလိုတော့ အလွယ်တကူ လုပ်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော – 25g (တယ်လီဖုန်းကျောက်ကျော အသေး)
  • အုန်းစိမ်းရေ – ၂ လုံး
  • အုန်းသီးနုနု – လိုသလောက်
  • သကြား – ၁၀ သား
  • ဆား – ၁ ဇွန်း (လ္ဘက်ရည်ဇွန်း)
  • ရေ – ၁ ဗူး (နို့ဆီဗူး)

ပြုလုပ်နည်း

  1. တယ်လီဖုန်းကျောက်ကျော အသေးတစ်ထုပ်ကို အုန်းစိမ်းရည် ၂လုံးနှင့် အုန်းသီးနုနုလေးတွေ ခြစ်ပြီး အုန်းရည်နှင့်အတူ ရောကြိတ်ပါ ။
  2. သကြား ၊ ဆား နှင့် ရေတို့ကို ကျောက်ကျောမှုန့် အားလုံးကို ရောမွှေပြီး မိနစ် ၂၀ ခန့် ကျိုပြီး ဗန်းထဲထည့် အအေးခံထား လှီးဖြတ်စားသုံး နိုင်ပါသည် ။

Credit: Thida Lay Lay