ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်ကောင်းကောင်း – ၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
  • အုန်းနို့ – ၂ ခွက်
  • သကြား – ၄ ဇွန်း (ထမင်းစားဇွန်း)
  • ဆား – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • နှမ်း – အနည်းငယ်
  • သရက်သီးမှည့် (မိမိနှစ်သက်ရာ) – ၂ လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ကောက်ညှင်းမပေါင်းမှီ ရေဆေးပြီး အနည်းဆုံး (၆) နာရီခန့် ရေစိမ်ထားပါ။
  2. ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို အဝတ်စပါးခံပြီး ပေါင်းအိုးမှာ အငွေ့ကောင်းကာင်းနဲ့ပေါင်းပါ။ (သတိပြုရမှာက ၂ ခါချက်မှာဖြစ်တဲ့အတွက် ထမင်းချက်သလို ချက်လို့မရသလို ပေါင်းတဲ့နေရာမှာလည်းအပျော့မလွန်ဖို့ အရေးကြီးပါတယ်) ကောက်ညှင်းနှပ်ပြီဆို မပျော့ခင် ချထားပြီး အအေးခံ ထားပါ။
  3. ထိုစဉ်အတွင်း အုန်းနို့၊ ဆား၊ သကြားတို့ကို ကျိုပေးပါ။ အုန်းနို့သံဗူး (သို့) စက္ကူဗူးသုံးသူများ အကြာကြီး ကျိုပေးစရာမလိုပါဘူး။
  4. အုန်းနို့ ၅ ပုံ ၁ ပုံလောက်ကို ချန်ထားပြီး ကောက်ညှင်းတွေရောထည့်ကာ ကောက်ညှင်းများအုန်းနို့ကို လုံးဝစုပ်ယူသွားသည်အထိ ပြန်အပူပေးပြီး အအေးခံထားပါ။
  5. သရက်သီးမှည့်တစ်လုံးကို အခွံခွါပါ ။ အုန်းနို့ကောက်ညှင်းတစ်ဝက်ကို ပုံစံခွက်တစ်ခုမှာထည့်ပြီး သင့်တင့်သလို လှီးထားသောသရက်သီးဘေးမှာ မှောက်ချပါ။ ကောက်ညှင်းရော သရက်သီးရော နှစ်မျိုးလုံးပေါ်ချန်ထားတဲ့ အုန့်နို့ရည်လေး ဆမ်းပြီး နှမ်းစေ့လေးတွေ အလှဆင်ကာ တည်ခင်းဧည့်ခံပါ။

Credit: Orchid White and Htet Htet