ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် – ၁ ထုတ်
  • ကြက် – ၁ ကောင် (၇၀ ကျပ်သား)
  • ကြက်သွန်နီ – အနည်းငယ်
  • ကြက်သွန်ဖြူ – ၆ မွှာ
  • ဂျင်း – လက်တစ်ဆစ်ခန့်
  • နနွင်းမှုန့် – အနည်းငယ်
  • ငရုပ်သီးအရောင်မှုန့် – အနည်းငယ်
  • ငံပြာရည် – အနည်းငယ်
  • ဆား – အနည်းငယ်
  • သကြား – အနည်းငယ်
  • ပဲမှုန့်- ၄ ဇွန်း (ထမင်းစားဇွန်း)
  • အုန်းနို့ Cream  – ၁ ဘူး (ဘူးကြီး)
  • အုန်းနို့ Milk  –  ၁ ဘူး (ဘူးသေး)
  • ကြက်သွန်နီဥ အသေး – ၁၀လုံး
  • ဆီ –  ၂ ဇွန်း (ထမင်းစားဇွန်း)
  • ရေ – 2.5 L*3 (ရေသန့်ဗူးအကြီးသုံးလုံး မပြည့်)

ပြုလုပ်နည်း

ပထမဆုံး ကြက်တစ်ကောင်လုံးကို အရိုး အသား သက်သပ်စီ ခုတ်ပါ။ အသားကို အတုံးငယ်လေး တုံး၍  သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ် ထည့်ပြီး နယ်ထားပါ။

ကြက်အရိုးကို ဂျင်း ၊ ကြက်သွန်ဖြူ ၂ မွှာ ၊ ဆား အနည်းငယ် ၊ ငံပြာရည်  အနည်းငယ်၊ ရေ နှင့်  ပြုတ်ထားပါ။

ကြက်ရိုး ပြုတ်ထားသည့် အချိန်တွင် တုံးထားသော အသားများကို ဆီ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်းကို ညက်အောင် ထောင်းပြီး ဆီသတ်ပါ။  ကြက်သားများနီပြီး မွှေးလာပြီး နူးလာပါက ဒယ်အိုးကို မီးဖိုပေါ်မှ ချထားပါ။

ပဲမှုန့်ကို ရေအေးနှင့် ညက်နေအောင် ဖျော်ပြီး ပြုတ်ထားသော  အရိုးရည်ထဲတွင် ထည့်၍ တည်ပါ။

ပြီးလျင် အုန်းနို့ Cream ဘူးကြီး ၁ ဘူးနှင့် အုန်းနို့ Milk ဘူးသေး ၁ ဘူးကို အရိုးရည်ထဲတွင် ထည့်၍ အချိန်အတော်ကြာ အရည်ကျသည် အထိ တည်ပါ ။  မကြာ ခဏ မွှေပေးပါ။

ကြက်သွန်နီဥ အသေးလေးများ အခွံနွှာပြီး ထည့်ပါ။ ချက်ထားသည့် ကြက်သားများကိုအရည်အိုးထဲ ထည့်ပါ။ အပေါ့ အငံ မြည်း၍ မိမိစိတ်ကြိုက် အရသာ ရပြီဆို သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ။

အုန်းနို့ခေါက်ဆွဲ နှင့် ခေါက်ဆွဲကို ကြက်သွန်စိမ်း ၊ မုန့်ကြွပ်၊ ပဲကြော်၊ သံပရာသီး၊ ကြက်ဥပြုတ်၊ ငရုပ်သီးမှုန့် လိုသလို ထည့်ပြီး အရသာရှိစွာ အသင့် စားသုံးနိုင်ပါသည် ။

အုန်းနို့ခေါက်ဆွဲ တွဲစားရန်

* ကြက်သွန်နီ  – ၃လုံး (ပါးပါးလှီးထားပါ)
* ကြက်ဥ – ၄ လုံး
* သံပရာသီး – အနည်းငယ်
* ငရုပ်သီးမှုန့် – အနည်းငယ်
* မုန့်ကြွပ်ကြော် – အနည်းငယ်
* ပဲကြော် – အနည်းငယ်

My Food Myanmar &  ကြီးကြီးနေား