ဖရဲသီးဟာ နွေရာသီ အတွက် အသင့်တော်ဆုံး အသီးတစ်မျိုး ဆိုတာ မငြင်းနိုင်ပါဘူး။ ဖရဲသီး တစ်စိပ်လောက်စားလိုက်ရင်ပဲ နွေရဲ့ အပူဟာ သက်သာသွားသလိုကို ခံစားနေရပါတယ်။ နေ့အပူချိန် သိသိသာသာ တိုးလာတာနဲ့အမျှ လူတွေဟာ ရာသီစာ သီးနံှတွေကို မက်မက်မောမော စားတတ်ကြပါတယ်။ နွေရဲ့ ရာသီစာကတော့ ဖရဲသီးပဲ သူကတော့ ဇာတ်လိုက်ကျော်လေ။ အမျိုးသမီးလေးတွေ အတွက်တော့ အလှတရားတွေ ယူဆောင်လာတတ်သေးတာ။

ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အမိုင်နိုအက်ဆစ်ဓာတ် တစ်မျိုး ဖြစ်တဲ့ Citrulline ပါဝင်နေတာကြောင့် သူက နေလောင်တာကြောင့် ဆဲလ်တွေ နေရာမှာ အသစ်ပြန်ဖြစ်ပေါ်စေဖို့ အကူအညီ ပေးပါတယ်။ ဒါတင်မက lycopene ဓာတ်ကြွယ်ဝတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသလို ကင်ဆာဖြစ်ပွားမှုနှုန်း ကိုလည်း လျော့ချပေးပါတယ်။ ဒီလို အသုံးဝင်လှတဲ့ ဖရဲသီးကို ဝယ်မယ်ဆိုရင် ဘယ်လို အလုံးမျိုးကို ဝယ်ရမလဲ မသိသေးသူတွေ အတွက် မျှဝေချင်ပါတယ်။

၁။ ပထမဆုံး ဖရဲသီးကို အပေါ်ယံ အရင်ကြည့်ပါ။ အနာအဆာတွေနဲ့ ချိုင့်ခွက်တွေ မရှိအောင် စစ်ပါ။

၂။ မ ကြည့်ပါ။ ဖရဲသီးဟာ ရေဓာတ် 92% ပါတဲ့ အတွက် သူဟာ လေးနေရပါမယ်။ လေးနေတယ်ဆိုရင်တော့ ဒါဟာ ဖရဲသီး ကောင်း တစ်လုံးလို့ ပြောလို့ရပါတယ်။

၃။ ဖရဲသီး အောက်ခြေကို ကြည့်လိုက်ပါ။ အဝါရောင် အကွက်လေးကို ရှာပါ။ အဝါရောင် အကွက်လေးဟာ ဘာကိုပြလဲဆိုတော့ ဖရဲသီးဟာ မြေကြီးပေါ်မှာပဲ နေရဲ့ ဓာတ်ယူပြီး မှည့်ထားတဲ့ အသီးလို့ ယူဆရပြီး ခူးဖို့ အကောင်းဆုံး အချိန်မှာ ခူးခဲ့တဲ့ အသီးလို့ သဘော သက်ရောက်ပါတယ်။ ရင့်နေတဲ့ ဖရဲသီးပေါ့။

ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ

၄။ အဖြူရောင် အကွက်လေးတွေ ရှိလား ကြည့်ပါ။ ဒါမှ မဟုတ် အစင်းကြောင်း အနာလို ပုံစံမျိုးတွေ ရှိလား ကြည့်ပါ။ ရှိတယ်ဆိုရင် ဒီဖရဲသီးဟာ အရမ်းချိုတဲ့ အတွက် ပိုးမွှားတွေ ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ သဘောပါ။ ချိုနေမယ်ဆိုတာ ယုံလိုက်ပါ။

၅။ အညိုရောင် အခွံနဲ့ ဖရဲသီးဟာ ပိုပြီး ချိုပါတယ်။ အရောင်မွဲလေ ရင့်လေ ချိုလေပါပဲ။

Photo Credit: commons