အိမ်တွေမှာ မြေပဲတွေနဲ့ တခြား အစေ့အဆန်တွေကို တာရှည်ခံအောင် ထိန်းသိမ်းချင်ကြပါတယ်။ ပိုးတက်တာတွေ မှိုကပ်တာတွေ မဖြစ်စေဖို့ ဂရုစိုက်ရပါတယ်။ ငွေကြေးလည်း ချွေတာရာ ရောက်ပြီး အစားအစာတွေ လွှင့်ပစ်ရတဲ့ အခြေအနေကနေ ကင်းဝေးစေနိုင်ပါတယ်။ ပဲတွေနဲ့ အစေ့အဆန်တွေဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်တဲ့ အစားအစာတွေ ဖြစ်တယ်ဆိုတာ လူတိုင်း သိကြမှာပါ။ သူတို့တွေကို ဝယ်ပြီး နှစ်ပေါက်အောင် ထားချင်ကြပါတယ်။

အိမ်ရှင်မတွေဟာ အစားအစာတွေကို သိုလှောင်ထားရမှာ အလွန် ဝါသနာကြီးကြပါတယ်။ ငွေပေါတဲ့ အချိန်မှာ အိမ်အတွက် လိုအပ်မယ့် အရာတွေကို ကြိုဝယ်စုထားလေ့ ရှိကြပါတယ်။ အထူးသဖြင့် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ အစားအစာ အခြောက်အခြမ်းတွေကိုပါ။ ဒါဟာလည်း အလွန် အသုံးဝင်ပါတယ်။ ရှားပါတဲ့ အချိန်မှာ ဈေးတက်တာတွေနဲ့ မကြုံစေဖို့ အထောက်အကူ ပြုပေးပါတယ်။ အစေ့အဆန်တွေကို အောက်ပါအတိုင်း ကောင်းကောင်း
သိမ်းထားနိုင်ပါတယ်။

  • အခန်းအပူချိန်မှာဆိုရင် အနည်းဆုံး ၃လ
  • ရေခဲသေတ္တာမှာ ထားရင် ၃-၆ လထိ
  • လုံပြီး အေးတဲ့နေရာမှာထားရင် တစ်နှစ်ကနေ ၂နှစ်ထိ

ဟုတ်ပါပြီ။ သိမ်းတဲ့အခါတွေမှာ ဘယ်လိုတွေ ထည့်ပြီး သိမ်းရမလဲဆိုတာလည်း ရှိပါသေးတယ်။ အလုံပိတ်ထားတဲ့ ဖန်ပုလင်းတွေနဲ့ အိတ်တွေထဲမှာ ထည့်ပြီး သိမ်းနိုင်ပါတယ်။ အာဟာရဓာတ်တွေလည်း မလျော့သွားအောင် သိမ်းဖို့က  ပိုအရေးကြီးပါတယ်။

  • ဝယ်လာတဲ့ အစေ့အဆန်တွေကို ပလပ်စတစ်အိတ်ထဲ ပြောင်းထည့်လိုက်ပါ။ အိတ်အရွယ်အစားကိုတော့ 6*3*15  အရွယ်နဲ့ အထူကတော့ 2 mm ရှိတဲ့ အရွယ်မျိုးဆို အသင့်တော်ဆုံးပါပဲ။ ပေါင်မုန့်ထုပ်တဲ့
  • အိတ်ပုံစံမျိုးပါ။ ဒါမှမဟုတ် ကိုယ်ထည့်မယ့် အရွယ်အစားကို ချိန်ပြီး ဝယ်ပါ။
    ထည့်ပြီး အိတ်ကို ကလစ်နဲ့ ညှပ်ပါ။ ဒါမှမဟုတ် လုံအောင် ပိတ်ပါ။

  • ပြီးရင် ရေခဲသေတ္တာထဲ ဒါမှမဟုတ် အေးတဲ့ နေရာမှာ ခဏထားပါ။ ရေငွေ့တွေ ပြန်တာတွေ ခြောက်သွားတဲ့အထိ ထားပါ။
  • ရေငွေ့တွေပြန်တာလေးတွေ ခြောက်သွားတဲ့အခါ မူလအိတ်ထဲကို ပြန်ထည့်ပါ။ Clip နဲ့ ချိတ်ပြီး လုံတဲ့နေရာ ဥပမာ မီးဖိုချောင်ထဲက ဗီဒိုထဲ ထည့်ပါ။ ဒါမှမဟုတ် ဖန်ပုလင်းတွေထဲ ထည့်ပါ။

အဓိကက အငွေ့ပြန်တာတွေ ခန်းသွားအောင် ထားဖို့ပါပဲ။ ဒါမှ အစိုပြန်ခြင်းကို ကာကွယ်ပေးပြီး နဂိုမူလ အရသာနဲ့ အာဟာရဓာတ်တွေ မပြယ်မှာပါ။

Credit: wholenewmom.com