Weekend ဆိုတော့ အချိန်အနည်းငယ်ပိုပေးရပြီး ထမင်းဖြူပူပူလေးနဲ့ စားလို့ကောင်းတဲ့ အကြော်စုံပူပူကျွတ်ကျွတ်လေးတွေ ကြော်စားကြရအောင်နော်။

အပြင်ကဝယ်စားရင် သန့်ရှင်းမှုရော ကျန်းမာရေးနဲ့ညီညွတ်မှုအတွက်ရော စိုးရိမ်ရလို့ အကြော်စုံကို အိမ်မှာအချိန်ပေးပြီး ပူပုနွေနွေးကြော်စားတာ အကောင်းဆုံးပါပဲ။

လိုအပ်သောပစ္စည်းများ

  • Gold Label ယိုးဒယား အကြော်မှုန့် ၁ ထုပ် (တခြားတံဆိပ်များလည်း ရပါတယ်)
  • လှီးဖြတ်ထားသော ဗူးသီးစိတ်လေးများ – မြင်းခွါရွက် ၊ ဆူးပုပ်ရွက် ၊ ကြက်သွန်နီ
  • ကြက်သွန်ဖြူနီ ၊ ဂျင်း ၊ ငရုတ်သီးစိမ်း အရောထောင်း
  • မနိကျည်းမှည့်
  • နံနံပင်

ကြော်လှော်ပုံ

  1. Gold Label အကြော်မှုန့် တစ်ထုပ်ကို ရေတစ်ဖန်ခွက်ခန့်နှင့်ရောပါ။ မုန့်နှစ်များ ကျဲသွားမှာဆိုးလို့ ရေကို အနည်းငယ်စီ ချင့်ချိန် ထည့်ပြီး ခပ်ပျစ်ပျစ်လေး ရသည်အထိ မွှေပေးပါ။ မုန့်နှစ် ထဲကို ဆား အနည်းငယ် ထည့်ပါ။
  2. မြင်းခွါရွက် ၊ ဆူးပုပ်ရွက် များကို ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီကို အကွင်းလေးများရအောင် ခပ်ထူထူလေးလှီးပါ။
  3. ဆီကို Medium Heat ထားပြီး လှီးဖြတ်ထားတဲ့ ဗူးသီး မြင်းခွါရွက် ဆူးပုပ်ရွက် ကြက်သွန်နီများကို တစ်မျိုးချင်းစီ အနှစ်ရောကြော်ပါ။
  4. ဗူးသီးကိုလည်း ရေဆေး အခွံသင်ပြီး လက်တစ်ဆစ်ခန့် အတုံးလေးများ ရအောင် လှီးဖြတ်ပါ။ ဟင်းခတ်ဇွန်းအပြားကြီးကြီးထဲ နယ်ထားတဲ့ မုန့်နှစ် အနည်းငယ်စီ ထည့်ကြော်လျှင် ကြော်ရတာ ပိုအဆင်ပြေပါ်တယ် ။
  5. အကြော်ပူပူများ ရွှေညိုရောင်သန်းလာပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ ။

( အချဉ်ရည် လုပ်နည်း )

  1. မန်ကျည်းမှည့်များကို ရေနွေးဖြင့် တစ်ထပ်ဆေးပြီး ရေနွေးနဲ့ စိမ်ထားပါ။ မန်ကျည်းမှည့်များ ပြောအိနူး လာလျင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ၊ ငရုတ်သီးစိမ်းများ ရောပါ။
  2. ရေနွေး အနည်းငယ် ထပ်ရောပါ။ ဆား၊ သကြား ၊ ယိုးဒယားငံပြာရည်များ ထည့်ပါ ။ ရှာလကာရှည် လက်ဖက်ရည် ၁ ဇွန်းခန့်ရောပါ။
  3. နံနံပင်များကို ရေစင်စွာဆေးပြီး အရိုးရော အရွက်များပါ ပါးပါးလှီးထည့်ကာ အရသာများ သမအောင်မွှေပေးပါ။
  4. နောက်ဆုံးအဆင့်မှာ ငရုတ်သီးအလှော်မှုန့် အနည်းငယ်ထည့်ပါ။

အကြော်စုံ ပူပူလေးကို ချဉ်ငံစပ် အချဉ်ရည်ဖြင့် စားလို့ရပါပြီ ။ အချဉ်ရည်ဖျော်ရာမှာ အရသာကို လေးအောင် ဖျော်မှ အကြော်နဲ့ တွဲဖက်စားရင် အနေတော် ဖြစ်မှာပါနော်။ အကြော်စုံ ပူပူလေးကို ဂေါ်ဖီ ကျွတ်ကျွတ်လေး ၊ ဆလတ်ရွက် စိမ်းစိမ်းလေးများဖြင့် တွဲဖက်စားလို့ ကောင်းပါတယ်ရှင့်။

Credit: Warr Tee