အကြော်စုံ

Share this on:

ဘူးသီးကြော်၊ ရွှေဖရုံသီးကြော်၊ အာလူးကြော်၊ ငုံးဥကြော်၊ မြင်းခွာရွက်ကြော်၊ ဆူးပုပ်ကြော်။

ပါဝင်ပစ္စည်းများ

  • ဘူးသီး ၁စိတ်
  • ရွှေဖရုံ ၁စိတ်
  • အာလူး(ကြီး) ၁လုံး
  • ငုံးဥပြုတ် ၁၀လုံး
  • မြင်းခွာရွက် ၁စည်း
  • ဆူးပုပ်ရွက် ၁စည်း
  • အကြော်မှုန့်(ရွှေလိပ်ပြာ) ၂ထုပ်
  • ဆီ

ပြုလုပ်နည်း

  1. ပထမဦးစွာ အကြော်မှုန့်၂ထုပ်ကို ဇလုံတစ်ခု ထဲသို့ဖောက်ထည့်၍ ရေ(လက်ဖက်ရည်ပန်းကန်လုံး၂လုံးစာ) ဆားတို့ဖြင့် ညက်နေအောင် ရောမွှေပေးပါ။
  2. မုန့်သားညက်လျှင်ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း၁ဇွန်းစာ)ထည့်၍ သမအောင် မွှေထားပါ။
  3. ဗူးသီးကို အခွံခွာ၍ အလယ်သား ဖယ်ထုတ်ကာ အချောင်းလေးများ လှီးပါ။ 4. ေ
  4. ရွှေဖရုံသီးနှင့်အာလူးကိုလည်း အခွံခွာ၍ အပါးလေးများ လှီးထားပါ။
  5. မြင်းခွာရွက်နှင့်ဆူးပုပ်ရွက်ကို ရေစင်အောင်ဆေး ၍ အစည်းသေးလေးများ ပြန်ခွဲထားပါ။
  6. ဒယ်အိုးထဲတွင် ဆီများများထည့်၍ အပူပေးပီး ဆီဆူလျှင် ဗူးသီးများကို မုန့်နှစ်နှစ်၍ ဆီမြုပ်နေအောင် ကြော်ပါ။
  7. အရောင်ရဲပီး ကြွပ်လာလျှင် ဆယ်ပီး ဆီစစ်ထားပါ။
  8. ဤနည်းအတိုင်း ရွှေဖရုံသီး၊ အာလူး၊ ငုံးဥ၊ မြင်းခွာရွက်၊ ဆူးပုပ် တို့ကို အစဉ်တိုင်း ကြော်ရ်ျ ဆီစစ်ထားပါ။
  9. (ဆီနည်းသွားလျှင် ထပ်ထပ်ဖြည့်ပေးပါ)
ကြက်သွန်ကြော်

1. ကြက်သွန်နီ(ကြီး) ၃လုံး
2. အကြော်မှုန့် စားပွဲတင်ဇွန်း(၃)ဇွန်း
3. ရေ စားပွဲတင်ဇွန်း(၃)ဇွန်း

ကြက်သွန်နီကိုအခွံခွာပါးပါးလှီး၍အကြော်မှုန့် ရေ ဆားအနည်းငယ်တို့ နှင့် ရောနယ်ကာ လက်ဖြင့် အနည်းငယ်လုံး၍ ဆီပူပူတွင် ရဲလာသည် အထိ ကြော်ကာ ဆီစစ်ထားပါ။

ပြောင်းဖူးကြော်

1. ပြောင်းဖူး(ဝါ) ၁ဖူး
2. အကြော်မှုန့်(ရွှေလိပ်ပြာ) ၁/၂ထုပ်

ပြောင်းဖူးများကို အစေ့ခြွေ၍ အကြော်မှုန့် ရေ(လက်ဖက်ရည်ပန်းကန်လုံး၃ပုံ၂ပုံ) ဆားအနည်းငယ် တို့ဖြင့် ရောနယ်ပါ။ ထို့နောက် ပန်းကန်ပြား အသေးလေးထဲတွင် ၁ခုစာစီ ထည့်၍ ဆီပူပူတွင် လျှောထည့်ပီး ကြော်ပေးပါ။ အရောင်ရဲလာလျှင် ဆယ်ပီး စစ်ထားပါ။

ဗယာကြော်

1. ကုလားပဲ (၅)ကျပ်သား
2. ဆော်ဒါမှုန့် စားပွဲတင်ဇွန်းဝက်
3. ဂျင်း လက်တစ်ဆစ်
4. ငရုတ်သီးစိမ်း အနည်းငယ်
5. ကြက်သွန်နီ ၁လုံး
6. ပျဉ်းတော်သိမ်ရွက် အနည်းငယ်

ကုလားပဲများကို (၂)နာရီခန့် ရေစိမ်ပီးလျှင် ညက်အောင် ထောင်းပါ။ ထို့နောက် ဂျင်းထောင်း (ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပျဉ်းတော်သိမ်ရွက်) ပါးပါးလှီး ဆော်ဒါမှုန့် ၊ ဆား၊ နနွင်းမှုန့် တို့ဖြင့် သမအောင် ရောနယ်ကာ ဆီပူပူတွင် အပြားလေးများ လုပ်၍ကြော်ပေးပါ။ အရောင်ရဲ၍ ကွပ်လာလျှင် ဆယ်ပီး စစ်ထားပါ။

အကြော်စုံ ပူပူလေးကို ဆလတ်ရွက်၊ ဂေါ်ဖီ၊ မန်ကျည်းမှည့်အချဉ်ရည် တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။

မန်ကျည်းမှည့်အချဉ်ရည်

1. မန်ကျည်းသီးမှည့် စားပွဲတင်ဇွန်းဝက်
2. ထန်းလျက်ခဲ ၂လုံး
3. ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း
4. ကြက်သွန်ဖြူ အနည်းငယ်
5. ချင်း အနည်းငယ်
6. နံနံပင် အနည်းငယ်
7. ငရုတ်သီးစိမ်း အနည်းငယ်

မန်ကျည်းသီးမှည့် နှင့် ထန်းလျက်ခဲကို ရေ(နို့ဆီဗူးဝက်)ခန့်နှင့် ရော၍ကျိုပေးပါ။ အနှစ်ရလာလျှင် ဆန်ကာဖြင့်စစ်၍ ပန်းကန်လုံး ထဲသို့ ထည့်ပါ။
ထိုပန်းကန်လုံး ထဲသို့ ငရုတ်ဆီ ဆားအနည်းငယ်၊ ဂျင်း ၊ ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူထောင်းကို ထည့်၍ မွှေပေးပါ။ ထို့နောက် အနည်း ငယ် အေးလျှင် နံနံပင်ကို ပါးပါးလှီး ထည့်၍ မွှေပေးပါ။

Credit: Ei's Cooking Diary