ဦးနှောက်သွေးသွန် မဖြစ်အောင် နံနက်စာ စားပါ ။

နံနက်စာ ပုံမှန် စားတဲ့လူနဲ့ နှိုင်းယှဉ်ရင် နံနက်စာ သိပ်မစားတဲ့လူသည် ဦးနှောက် သွေးသွန်ရောဂါ ဖြစ်နိုင်နှုန်း ၃၆% ပိုမြင့်တယ်လို့ ဂျပန် သုတေသန ပညာရှင်တွေက တွေ့ရှိတယ်။

နံနက်စာ မစားလို့ ဗိုက်ထဲမှာ ဘာမှမရှိ တာကြောင့် ကိုယ်ခန္ဓာ အရေးပေါ် တုံ့ပြန်မှု ဖြစ်ပွါးရာမှာ သွေးတိုး ဖြစ်တတ်တယ်။ အဲဒါဟာ ဦးနှောင် သွေးသွန်နိုင်ဖွယ် အန္တရာယ် တိုးလာစေတယ်လို့ ဆိုတယ်။

၁၉၈၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဂျပန် တစ်ပြည်လုံးရှိ အသက် ၄၅ နှစ်မှ ၇၄ နှစ် အရွယ်အထိ လူ ဂ သောင်း ၃ ထောင်ကျော်ကို ၁၃ နှစ်ကြာ လိုက်လံ စုံးစမ်း ပြီးနောက် အထက်ပါ ရလဒ်ကို ရရှိခြင်း ဖြစ်တယ်။

စောစောတုန်းက ပညာရှင်တွေဟာ နံနက်စာ မစားရင် အဝလွန် ၊ သွေးတိုး ၊ ဆီးချိုရောဂါ ဖြစ်နိုင်နှုန်း တိုးစေနိုင်တယ်လို့ တွေ့ရှိခဲ့ပြီးပါပြီ ။ ဒါပေမယ့် ဦးနှောက် သွေးသွန် ဖြစ်စေနိုင်တာကိုတော့ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် တွေ့ရှိခြင်း ဖြစ်တယ်။

Credit: အောင်မျိုးလွင်