အစားအစာတွေဟာ ကျန်းမာတဲ့ ဘဝတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မှန်ကန်တဲ့ အစားအစာတွေကို စားပြီး ကိုယ်တွင်းက လုပ်ဆောင်နေတဲ့ အရာတွေရဲ့ ကျန်းမာဖို့နဲ့ အသားအရည် အစရှိတဲ့ ပြင်ပ အနေအထားတွေ ကျန်းမာဖို့သတိထားရပါတယ်။ အခု မျှေ၀ ချင်တာကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ထောက်ပံပေးမယ့် အစားအစာတွေ အကြောင်းပါ။

တစ်ချို့အစားအစာတွေက နေ့စဉ်စားနေပေမယ့် ဘယ်အရာတွေ အတွက် ကောင်းမွန်စေတယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။ ဦးနှောက်ဟာလည်း နှလုံးတို့ အဆုတ်တို့ ကြွက်သားတို့လို ကျန်းမာဖို့ လိုအပ်ပါတယ်။

ဦးနှောက်အတွက် စူပါ အစားအစာတွေနဲ့ အသီးအနှံတွေထဲက အဓိက ၅မျိုးကို မျှဝေချင်ပါတယ်

၁။ ပန်းပွင့်စိမ်း

Broccoli

အစိမ်းရောင် အသီးအနံှတွေဟာ ကျန်းမာစေဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒီထဲမှာ ဦးနှောက်လည်း ပါဝင်ပါတယ်။ ပန်းပွင့်စိမ်းဟာ Choline ပါဝင်မှု များပြီး ဦးနှောက်ဆဲလ်တွေကို ကြီးထွားပြီး ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။ မှတ်ဉာဏ် စွမ်းအား မြင့်တက်စေပြီး
မေ့လျော့မှုတွေ လွယ်လွယ်ကူကူမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၂။ အစေ့အဆန်များ

Nuts

နေ့တိုင်း ဗီတာမင် အီး ပါဝင်တဲ့ အစေ့အဆန်တွေကို စားပေးတာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်း တိုးတက်စေပါတယ်။ အစေ့အဆန်တွေထဲမှာ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲ၊ သစ်ကြားစေ့နဲ့ ဗီတာမင် အီး ပါဝင်တဲ့ တခြားအရာတွေလည်း စားလို့ရပါတယ်။

၃။ ကြက်ဥ

Eggs

ကြက်ဥဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ဓာတ်စာတစ်မျိုးဆိုတာ သိကြပါတယ်။ ဦးနှောက်အတွက်လည်း ပါဝင်ပါတယ်။ ကြက်ဥမှာ choline တွေ အများကြီး ပါဝင်တဲ့ အတွက် မှတ်ဉာဏ်စွမ်းအားကို တိုးစေပြီး နိုးကြားနေစေဖို့ ကူညီပေးပါတယ်။ မလန်းဆန်းရင် ကြက်ဥကာကျတ်လေး စားလိုက်ရင် လန်းသွားစေနိုင်ပါတယ်။

၄။ ငါး

FIsh

ငါးတွေဟာ အသက်ရှည်စေပြီး omega 3 fatty acid ပေးတဲ့ အတွက် ကျန်းမာရေးနဲ့ ညီညွှတ်သင့်တော်တဲ့ အသားပါ။ စိတ်ကို ကျန်းမာစေပြီး ဦးနှောက်စွမ်းရည်အတွက် ကူညီပေးပါတယ်။ ဆဲလ်အသစ် ကြီးထွားမှုကို အားပေးပြီး မေ့လျော့ခြင်းတွေကို တားဆီးပေးပါတယ်။

၅။ ဘယ်ရီသီး

berries

စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ဘလူး ဘယ်ရီသီးတွေဟာ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ကျန်းမာရေး အကျိုးဆက်တွေ အများကြီး ရရှိစေပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းရှိပြီး ဆဲလ်တေ
ွ မြန်မြန်ပျက်စီးသွားစေခြင်းကနေ တားဆီးပေးပါတယ်။

Credit: zeenews