ဧရာဝတီ ငပိချက်

Share this on:

ပါဝင်ပစ္စည်း‬များ

  • ငါးခူ(သို့ )ပုဇွန်
  • ပုဇွန် ၁၅ကျပ်သား
  • ခရမ်းချဉ်သီး ၁၀သား
  • ရှမ်းနံနံ ၁စည်း
  • ငြုပ်သီးစိမ်း ၅၀ကျပ်ဖိုးလောက်
  • ငပိရည်ကျို ၅ကျပ်သား(သို့ )ရွှေဝန်ယံငပိထုပ် တဝက်(ပုဇွန်၊ ရွှေဝန်းယံငပိ သုံးပါတယ်။)
  • အရောင်တင်မှုန့် စားဇွန်း ၁ဇွန်း
  • ဆနွင်းနည်းနည်း
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးခူ(သို့ )ပုဇွန် နှစ်သက်ရာကို သုံးနိင်ပါတယ်။
  2. ဒယ်အိုးတလုံးထဲ ခရမ်းချဉ်သီတွေပါးပါးလှီး၊ ရှမ်းနံနံ၊ ငြုပ်စိမ်းတွေကိုလဲလှီး၊ ကြက်သွန်နီအနေတော် ၁လုံး၊ ကြက်သွန်အဖြူ ၃မွှာလောက် ထုထောင်းပြီး ပုဇွန်ထည့်ပြီး လုံးချက်ပါ။
  3. အရောင်တင်မှုန့် စားဇွန်း ၁ဇွန်း ၊ ဆနွင်းနည်းနည်း၊ ဆီ ထမင်းစားဇွန်း ၂ဇွန်းလောက်ထည့် ပုဇွန်ထည့် လုံးချက်ပါ။
  4. ခရမ်းချဉ်သီး နူးလျှင် ရွှေငပိထုပ် တ၀က်ကို ရေနဲ့ဖျော်ပြီးထည့်ပါ။
  5. ဆားကို အပေါ့အငံမြည်းပြီးမှ ထည့်ပါ။
  6. စိုင်သီး၊ ချဉ်ဖတ်စုံ၊ မုန်လာဥ၊ ရုံးပတီပြုပ်၊ ဒညင်းဝက်ကြော် တို့နဲ့တွဲဖက်၍ စားပါ။
Credit: Happy Family Time

Review

User Rating

5 (2 Votes)