ကျန်းမာရေး - Health | စားသောက်ဖွယ်ရာများအကြောင်း - Food Stories

ကောင်းကောင်း အိပ်ပျော်စေဖို့ ကူညီပေးမယ့် ချောကလက်

April 20, 2016

ကောင်းကောင်း အိပ်ပျော်စေဖို့ ကူညီပေးမယ့် ချောကလက်

Share this on:

Dark Chocolates လို့ ခေါ်တဲ့ ချောကလက် အမည်းရောင်ဟာ ညဘက်တွေကောင်းကောင်း အိပ်ပျော်စေဖို့ ကူညီပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ချောကလက် အမည်းလို့ ဆိုရာမှာ ချောကလက်ကို အစေ့အဆန်တွေ ပါတာမဟုတ်ဘဲ ချောကလက် စစ်စစ်ကို ပြောတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ဖြစ်စဉ်တွေ အချိန်မှန် လည်ပတ်စေဖို့ ကူညီပေးတဲ့ အစားအစာ တစ်ခုပါ။

ကိုယ်ထဲက ဖြစ်စဉ်တွေကို ညှိပေးတဲ့ မက်ကနီဆီယမ်ဟာ အစားအစာ တစ်ချို့မှာပါဝင်တတ်ပါတယ်။ ချောကလက်၊ မြေပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် မှာ မက်ကနီဆီယမ်တွေ ပါဝင်တယ်ဆိုတာကို Cambridge တက္ကသိုလ်က သုတေသနလုပ်သူတွေက တွေ့ရှိထားပါတယ်။ ရောဂါပိုးမွှားတွေနဲ့ ရာသီဥတုကြောင့် ဖြစ်တတ်တဲ့ ဖျားနာခြင်းတွေကိုပါ ကာကွယ်ပေးပါတယ်။ မက်ကနီဆီယမ်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်ဟာ အိပ်ခြင်း၊ နိုးခြင်းတွေကို ပုံမှန်ဖြစ်စေမှ ကျန်းမာပြီး လန်းဆန်းစေမှာ ဖြစ်ပါတယ်။

ချောကလက် အမည်းရောင်ကို ညအချိန်မှာ စားသုံးပေးခြင်းဖြင့် ကောင်းကောင်း အိပ်စက်နိုင်ပြီး ကိုယ်ခနာရဲ့ ဇီဝဖြစ်စဉ်ကို လည်ပတ်ဖို့ အကောင်းဆုံး ကူညီပေးပါတယ်။ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို ကောင်းစေပြီး နှလုံး ကျန်းမာရေးကိုလည်း အထောက်အကူပေးပါတယ်။ ဒါကြောင့် ချစ်သူများနေ့မှာ ကျန်းမာရေး ကောင်းမွန်စေပြီး ချစ်ခြင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ကြာရှည်ခံစေဖို့ ရည်ရွယ်ချက်နဲ့ ချောကလက်ပေးခြင်း ဓလေ့ကို ကျင့်သုံးကြတာပါ။

Credit: Zeenews

Review

User Rating

5 (2 Votes)