ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ သောက်သုံးကြတဲ့ အရာတစ်ခုကတော့ ကော်ဖီပါ။ ကော်ဖီဟာ လူကြိုက်များလာတာနဲ့ အမျှ ပုံစံမျိုးစုံ အမည်မျိုစုံ မှည့်ထွင်ခေါ်ဝေါ်ပြီး ဆန်းသစ်တဲ့ အရသာတွေကိုပါ ဖန်တီးကြပါတယ်။ ဒီလို လူကြိုက်များတဲ့ ကော်ဖီဟာ ဘယ်လို စတင်ဖြစ်ပေါ်လာလဲ ဆိုတာ ဗဟုသုတ အဖြစ် မျှဝေချင်ပါတယ်။

၁၇ ရာစုနှစ်တွေ မတိုက်မီက ဥရောပတိုက်မှာ ရှိတဲ့ လူတွေဟာ ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပါဘူး။ ဒါပေမယ့် အက်ဗီဆီးနီးယားနိုင်ငံနဲ့ အာရေဗျကျွန်းဆွယ်တွေမှာတော့ သောက်သုံးနေကြပါပြီ။ ဘယ်အချိန်က စတင် သောက်သုံးခဲ့လဲ ဆိုတာတော့ အတိအကျ မပြောနိုင်ပါဘူး။ ကော်ဖီခေါ် ကာဖီကို စတင် တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ယုံတမ် ပုံပြင်တွေ အဖြစ်နဲ့ ပြောဆိုနေကြတာတွေတော့ အများကြီးပါ။ သို့ပေမယ့် ၁၅ရာစုနှဟ်လောက်က မက္ကာမြို့ကို ဘုရားဖူး သွားကြတဲ့ မွတ်စလင်တို့ဟာ ဘာသာအလျောက် ညဖက် တရားအားထုတ်ချိန်တွေမှာ အိပ်ငိုက်ပြေစေဖို့ ကော်ဖီစေ့ကို လှော်ပြီး အမှုန့်ကြိတ် ရေဖျော်ကာ သောက်သုံးလေ့ ရှိကြောင်း အထောက်အထားတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကော်ဖီသောက်တဲ့ အလေ့အထဟာ ပျံ့နှံ့သွားပါတယ်။

Palestinian_women_grinding_coffee_beans
၁၇ရာစုမှာတော့ ဥရောပတိုက်သားတွေဟာ ကော်ဖီသောက်ခြင်း အလေ့အထတွေ ကူးစက်လာပြီး ကော်ဖီဆိုင်တွေ ပေါ်ပေါက် ခဲ့ပါတယ်။ နောက်ပိုင်း ကော်ဖီဆိုင်တွေ ခေတ်စားလာပြီး ကဗျာဆ    ရာ၊ စာရေးဆရာနဲ့ နိုင်ငံရေး သမားတွေ တွေ့ဆုံရာ ဌာနတွေ ဖြစ်လာရုံမက နောက်ဆုံး သတင်းတွေကိုလည်း ကော်ဖီဆိုင်တွေကနေ ကြားကြရပါတယ်။ ဒါကြောင့် အဲ့ခေတ်က ပြည်ပိုင်ဘုရင်တွေဟာ ကော်ဖီဆိုင်တွေကို မျက်ခြည် မပြတ် ထောက်လှမ်း ခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၇ရာစုနှစ် အကုန်လောက်ထိ ဥရောပတိုက်သားတွေဟာ မိုးကားခေါ်တဲ့ အာရေဗျ ကော်ဖီကိုပဲ သောက်သုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဂျားဗားကျွန်းနဲ့ သီဟိုဠ်ကျွန်းတွေမှာ စိုက်ပျိုးလာကြပြီး ထိုမှတဆင့် အပူပိုင်းသေတွေကို ပြန့်ပွားသွားခဲ့ပါတယ်။ အခုခေတ်မှာတော့ ကော်ဖီ အများဆုံး စိုက်ပျိုးတဲ့ ဒေသကတော့ ဘရာဇီးနိုင်ငံ ဖြစ်ပါတယ်။ ကော်ဖီပင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၂၀၀ နဲ့ ၂၀၀၀ ကြားမှာ ရေကောင်းစွာ ရလျှင် စိုက်ပျိုးလို့ ရပါတယ်။ မြန်မာမှာတော့ ရှမ်းပြည်နယ်ဖက်မှာ စိုက်ပျိုးကြပါတယ်။ ကော်ဖီကို အနံ့အရသာနဲ့ ပြည့်စုံဖို့ အတွက် အစိမ်းတွေကို ညိုဝါသွားအောင် လှော်ပေးရပါတယ်။ လှော်တဲ့ အခါ ဂရုစိုက်ပေးဖို့ လိုပါတယ်။ လိုတဲ့ အနံ့ရဖို့က လှော်တဲ့အခါ အရေးအကြီးဆုံးပါ။ အခုခေတ်မှာတော့ ခေတ်မှီစက်တွေနဲ့ လုပ်တာဖြစ်လို့ ပိုပြီး အဆင်ပြေစေပါတယ်။ လှော်ပြီးသား အစေ့တွေကို အမှုန့်ကြိတ်ပြီး အမျိုးမျိုး ရောစပ်ရပါတယ်။

coffee_plant
ကော်ဖီမှာ ကဖိန်းဓာတ် တစ်မျိုး ပါဝင်ပါတယ်။ ကော်ဖီကို စွဲလန်းစေတာ ဒီဓာတ်ကြောင့်ပါ။ ကော်ဖီကို အားပျော့စေချင်ရင်တော့ အခြားပစ္စည်းတွေနဲ့ ရောစပ်ပေးလိုက်ရပါတယ်။ ကော်ဖီ အမျိုးပေါင်း ၈၀ ခန့် ရှိပါတယ်။  ကမ္ဘာပေါ်မှာ ဘရာဇီးနိုင်ငံနဲ့ အနောက်အိန္ဒိယ ကျွန်းစုတွေက လွဲပြီး ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးတဲ့ ဒေသတွေကတော့ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကနဲ့ အိန္ဒိယနိုင်ငံရှိ
အချို့ဒေသ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗားကျွန်းနဲ့ ပိစိဖိတ် သမုဒ္ဒရာ အတွင်းမှာ ရှိတဲ့ ကျွန်းတွေပဲ ဖြစ်ပါတယ်။

ကော်ဖီကောင်း တစ်ခွက် ရဖို့ ဆိုရင်တော့ ကော်ဖီမှုန့်ကို သိမ်းတဲ့ နေရာမှာလည်း စနစ်တကျ ရှိဖို့ လိုပါတယ်။ လေလုံတဲ့ ဖန်ပုလင်းတွေထည့် သိမ်းဆည်းတာကတော့ အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲ ထည့်မထားပါနဲ့။ ကော်ဖီင်္ကို နှပ်ရာမှာလည်း ပညာသား ပါပါတယ်။ နှပ်ပြီးရင်လည်း ကော်ဖီကို ၄၅ မိနစ် အတွင်း သောက်သင့်ပါတယ်။ ကော်မီမှုန့်ကို တစ်ကြိမ်ပဲ နှပ်ပါ။

ကဲ ကော်ဖီ ချစ်သူတွေ အတွက် ကော်ဖီအကြောင်း တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။

Credit: စွယ်စုံကျမ်း; wiki