Kitchen Tips

ကော်ဖီဖျော်စက်ကို ဘယ်လို သန့်ရှင်းမလဲ

March 29, 2016

ကော်ဖီဖျော်စက်ကို ဘယ်လို သန့်ရှင်းမလဲ

Share this on:

မီးဖိုချောင်ထဲက ဘတ်တီးရီးယားတွေ အကြောင်း မင်းတွေးတဲ့အချိန်မှာ အများအားဖြင့် ကော်ဖီဖျော်စက်အကြောင်းကို စဉ်းစားမိမှာ မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ် NSF ရဲ့လေ့လာတွေ့ရှိချက်အရ  ကော်ဖီဖျော်စက်ဟာ ဘတ်တီးရီးယားတို့ရဲ့ မူလာရင်းမြစ်တစ်ခု ဖြစ်တယ်ဆိုတာ တွေ့ရှိထားပါတယ်။ အံ့သြစရာပါ ဒါပေမယ့် ဒါဟာ အမှန်ပါပဲ။

လေ့လာချက်အရ ကော်ဖီစက်ထဲက ပိုးမွှားတွေဟာ ရေချိုးခန်းထက်တောင် များတတ်ပါတယ်လို့ ဆိုပါတယ်။ ကဲ ဒီလိုဆို ကော်ဖီဖျော်စက်ကို ဘယ်လို သန့်ရှင်ရေးလုပ်ကြမလဲ။

အကောင်းဆုံးကတော့ ကော်ဖီဖျော်စက်ရဲ့ ဖြုတ်လို့ရတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီးတိုင်း ဆေးရပါမယ်။ ကော်ဖီတွေ၊ အဆီအနှစ်တွေကို သေချာဖယ်ပြီး ဆေးပါ။ ဆပ်ပြာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးပေးပါ။ ပြီးရင် ခြောက်အောင် ထားပေးပါ။ မခြောက်ဘဲနဲ့ ပြန်မတပ်လိုက်ပါနဲ့။ ပိုးမွှားတွေက စိုထိုင်းမှုကို ကြိုက်လို့ပါ။

အတွင်းပိုင်း လုပ်ဆောင်ချက်တွေ အထိပါ သန့်ရှင်းရေး လုပ်သင့်ပါတယ်။ လွယ်ကူပြီး ရိုးရှင်းတဲ့နည်းလမ်းကို ပြောပြပါမယ်။ ပထမဆုံး ရှာလကာရည် ၃ခွက်နဲ့ ရေ၆ခွက် ရောလိုက်ပါ။ အိုးထဲကို ထည့်ဖို့လုံလောက်တဲ့ ပမာဏလောက်ပေါ့။ ကော်ဖီမှုန့်စစ်နေရာမှာ ရေစိုခံစက္ကူနဲ့ စစ်ပြီး  ရှာလကာရည်တွေကို လောင်းထည့်လိုက်ပါ။ ပြီးရင် မီးဖွင့်ပါ။
ခဏထားပြီးနောက့် စစ်ထားတဲ့ စက္ကူကို ထုတ်ပါ။ မီးပါ ပိတ်ပြီး ၁၅မိနစ်လောက် အေးသွားအောင် ထားပါ။ ပြီးရင် ရှာလကာရည်တွေ သွန်ပြီး ရေထည့်ပြီး အစအဆုံးတစ်ခေါက် ပြန်လုပ်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ကော်ဖီစက်ဟာ ပိုးမွှားကင်းစင် ပျော်ပြုံးရွှင် ဖြစ်သွားပါပြီ။

Credit: Good Housekeeping

Review

User Rating

5 (2 Votes)