ဒီဟင်းလျာလေးကတော့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားပါ။ ဒါပေမယ့်လည်း ချက်နည်းကိုမသိကြတဲ့အတွက် စားချင်စိတ်ပေါ်လာပြီဆိုရင် ဆိုင်ကိုသွားပြီးစားရပါတယ်။ ကိုယ်ကစားချင်လွန်းလို့သာ ဆိုင်ကိုသွားစားရပေမယ့်လည်း အရသာမရှိဘူးဆိုရင် ပိုက်ဆံသာကုန်မှာပါ။

ဒါကြောင့် ကိုယ့်ဘာသာ အိမ်မှာပဲ မိသားစုနဲ့အတူ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသုံးနိုင်ဖို့အတွက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်များ

အသားများများပါတဲ့ဝက်နံရိုးများ

ကြက်သွန်ဖြူ၊ ဂျင်း၊ သကြား၊ ဆား

ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်

တရုတ်မဆလာ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိတ်

ကြက်ဥ၊ ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ကုဆိုင်

ငရုတ်ကောင်း၊ ငပိထောင်း၊ သံပုရာသီး

ပြုလုပ်နည်း

အသားများများ ပါတဲ့ ဝက်နံရိုးများ ရေဆေး သန့်စင်ပြီးရင် အရသာနယ်ပြီး ကြက်သွန်ဖြူ၊ ဂျင်းထောင်းတို့နဲ့ ပြုတ်၊ နူးလာရင် ဆယ်ပြီး အသားနွှင်ထားပါ။

အရိုးများကို ပြုတ်ရည်အိုးထဲ ပြန်ထည့် ရေထပ်ထည့်ပြီး အရည်ကျအောင်တည်ကာ အရိုးများ ပြန်ဆယ်ထားပါ။

ပြုတ်ရေအိုးထဲ သကြား၊ ဆား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ တရုတ်မဆလာထည့် မှိုခြောက်၊ ပန်းခြောက်နဲ့ နွှင်ထားတဲ့ အသားတွေ ထည့် နောက်ဆုံး ပဲလိတ် ထည့်ပြီးရင် ကော်မှုန့်ရေ ဖျော်ထည့်ပါ။

နာနာခလောက်ထားတဲ့ ကြက်ဥ ၂ (သို့) ၃လုံးကို လက်တစ်ဖက်က အမျှင်ဆွဲထည့် ကျန်တစ်ဖက်က အိုးကို မွှေပေးပြီး အရသာ လိုုသလို မြည်းပြီးရင် ရပါပြီ။

ပန်းကန်ထဲ ခေါက်ဆွဲထည့်၊ ဟင်းရည် ထည့်ပြီးရင် ကြက်သွန်ဖြူ ဆီမွှေး ရေနွေး ဖျောထားတဲ့ ကန်စွန်းရွက်၊ ကုဆိုင်၊ ငရုတ်ကောင်းတို့ထည့်ပါ။

ငပိထောင်းကို သံပုရာရည်များများ ညှစ်ထည့်ထားပါတယ်။ ငပိထောင်းနဲ့ မစားချင်ရင် ဘိတ်ချဉ်လေး နဲ့ တွဲစားပါ။

ကော်ရည်ခေါက်ဆွဲ (ဝက်သား မစားသူများ ကြက်သားနဲ့ ချက်ပါ)။

Credit: Aye Thida Myint