ကော်ရည်ခေါက်ဆွဲ

Share this on:

ကော်ရည်ခေါက်ဆွဲ2.Phyu Thin Shwe

ပါဝင်ပစ္စည်း

  • ကြက်သား
  • ခေါက်ဆွဲ
  • ဂေါ်ဖီ
  • ဂျင်း
  • ပဲငံပြာရည် အပျစ် အနည်းငယ်
  • ပဲငံပြာရည် အကျဲ အနည်းငယ်
  • ထန်းလျက်၂ခဲ ၃ခဲ့ 
  • အသားမှုန့်
  • ဆား
  • ကြွက်နားရွက်
  • မှို
  • ပဲပြားခြောက်
  • မုန်လာဥနီ
  • baby corn
  • ကော်မှုန့်
  • ကြက်သွန်ဖြူဆီချက်
  • တရုတ်နံနံ
  • ငါးပိထောင်း

ပြုလုပ်နည်း

  1. ကြက်သားတွေကို ဂျင်းဖြင့် ပြုတ်ပါ   ။  နူးရင်ဆယ်ထားပြီး နွှင် ထားပါ ။
  2. ကြက်ပြုတ်ရည် ထဲကို ရေထပ် ထည့်ပြီး ဆူအောင် တည်ပါ ။
  3. ပဲငံပြာရည်အပျစ် နှင့် အကျဲ အနည်းငယ်စီ ထည့်ပါ ။
  4. ထန်းလျက်၂ခဲ ၊ ၃ခဲ ထည့်ပါ ။  အသားမှုန့် ၊ ဆား ၊ ကြွက်နားရွက် ၊ မှို ၊ ပဲပြားခြောက် ၊ မုန်လာဥနီ ၊ baby corn ထည့်ပါ ။  
  5. နူးလာလျင် ကော်ရည် ဖျော်ထည့်ပါ ။
  6. ကြက်သွန်ဖြူဆီချက် ၊ တရုတ်နံနံ ၊ အသားထည့် ၊ ခေါက်ဆွဲနဲ့ ရောစားနိုင်ပါပြီ ။  ငါးပိထောင်း ၊ ဂေါ်ဖီ တို့နှင့် ရောစားနိုင်ပါသည် ။
  7. (ကျွန်မ ချက်သောနည်းကို share ခြင်းပါ ။တခြားသော နည်းများလည်း ရှိနိုင်ပါသည် ။ကျေးဇူးတင်ပါသည် ။ )
Credit: Phyu Thin Shwe

Review

User Rating

5 (1 Votes)