မိုးအေးအေးမို့ အအေးမိသလို လေးလံပြီး ကော်ရည်ခေါက်ဆွဲကို ငပိထောင်း စပ်စပ်ပေါ်မှာ သံပုရာရည် ညှစ်ပြီး စားခြင်တဲ့ စိတ် ပေါ်တာနဲ့ ကြီးကြီးနောကို နားပူလိုက်တာနဲ့ မဆိုင်းမတွနဲ့ အိမ်မှာပစ္စည်း မစုံပေမဲ့ ရှိတဲ့ အဆာပလာတွေနဲ့ အင်မတန် ကောင်းတဲ့ ကော်ရည်ခေါက်ဆွဲ ဖြစ်အောင် ချက်ပေးရှာတယ် ။   ကြီးနောရဲ့ ကော်ရည်က ကျဲကျဲလေး ဆိုတော့ အီလည်းမအီ ၊ ဟင်းရည်ကြီးဘဲ အရွက်တွေ ခပ်သောက်ရင်လည်းကောင်း ၊ အရည်နဲနဲဘဲ ထည့်ပြီး ငပိထောင်းနဲ့ဘဲ ချဉ်စပ်သုတ်စားလည်းကောင်း ၊ အရည်များများ ငပိထောင်းများများဆိုရင်လည်းကောင်း ၊  စားပြီးတာနဲ့ ချွေးတွေထွက်ပြီး လူကပေါ့သွားတာဘဲ ။  စေတနာတွေ မေတ္တာတွေနဲ့ အမြဲတမ်း ချက်ပေးတဲ့ ကြီးနောရဲ့ လက်ရာကတော့ ဘာနဲ့မှ မတူပါဘူး ။   လူသား အားလုံးလည်း ဘယ်နေရာမဆို မေတ္တာတွေ စေတနာတွေကို ရှေ့တမ်းထားပြီး လုပ်ကိုင်ရင် အရာရာ အားလုံးက ကောင်းမှာပါ ။  ကဲ မိသားစုကို  စေတနာတွေ မေတ္တာတွေ အပြည့်နဲ့ ရှုးရှဲ ကော်ရည် ခေါက်ဆွဲလေး ချက်ကြည့်လိုက်ပါအုံးနော် ။

ပါဝင်ပစ္စည်း

ကော်ရည် ခေါက်ဆွဲ၂

  • ကြက်သား ၁ ကောင် + ကြက်ရိုးများ
  • ခေါက်ဆွဲ
  • ဂေါ်ဖီ (ပါးပါးလှီးရျ် ရေနွေး ဖျေားထားပါ)
  • ပဲပင်ပေါက် (ရေနွေး ဖျေားထားပါ)
  • မှိုခြောက် (၄စိတ် စိပ်ရျ် ရေစိမ်ထားပါ)
  • ပဲပြားခြောက် (ရေစိမ်ပြီး ခပ်ထူထူ လှီးရျ် ထည့်ပါ)
  • တရုတ်နံနံ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မိတ် (ပါးပါးလှီး ထားပါ)
  • ကြက်သွန်ဖြူကြော်
  • ရှုးရှဲ ငပိထောင်း
  • သံပုရာသီး
  • ဂျင်း လက်၂ ဆစ်ခန့် (ထုထားပါ)
  • ကြက်သွန်ဖြူ ၈ မွှာ (တပြားရိုက် ထားပါ)
  • ပဲငံပြာရည် အကျဲ အနည်းငယ်
  • ပဲငံပြာရည် အပျစ် အနည်းငယ်
  • ကော်မှုန့် (ရေအေးနှင့် ဖျော်ထားပါ)
  • ကြက်ဥ ၅ လုံး (ခလောက်ထားပါ)
  • Five Spice Powder အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

ကြက်သား တကောင်လုံးကို ၄ခြမ်း ခြမ်း၍ ရေဖြင့် သန့်စင် ဆေးကြောပြီး ပဲငံပြာရည် အပျစ် နှင့် နယ်ထားပါ။ အိုးကြီးကြီးထဲတွင် ကြက်ရိုးများကို ရေ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား နှင့် ပြုတ်ပါ။ ကြက်ရိုးရည်များ ဆူလျင် ၄ခြမ်း ခြမ်းထားသော ကြက်ကို ထည့်၍ ပြုတ်ပါ။

ကြက်သား အသားနူးလျင် အအေးခံ၊ အသားနွှာ၍ အရိုးများကို ကြက်ရိုး ပြုတ်ရည်ထဲသို့ ထည့်၍ ရေထပ်ထည့်ပြီး ဆက်ပြုတ်၍ ဆူသည်အထိတည်ပါ။ ပြီးလျင် မှိုခြောက်၊ ပဲပြားခြောက်ကို ထည့်ပါ။ ပဲငံပြာရည်အပျစ် နှင့် အကျဲ အနည်းငယ်စီ ထည့်ပါ။

မှိုခြောက်၊ ပဲပြားခြောက် နူးလာလျင် ကော်ရည်ကို ကျဲကျဲလေး ရေအေးနှင့် ဖျော်ပြီး ထည့်ပါ။ အသေအချာ ဟင်းရည်အိုးကို မွှေပေးပါ။ ပြီးလျင် ခေါက်ထားသော ကြက်ဥကို ဇကာပေါက် သေးသေးထဲမှ တဆင့် အိုးထဲသို့ ညာဘက်မှ ဝိုက်၍ အိုးထဲသို့ နဲနဲစီ ထည့်ပါ။

ပြီးလျင် Five Spice Powder အနည်းငယ် ဖြူး၍ အရသာ အပေါ့အငံမြည်းပါ။

ပန်းကန်ထဲတွင် ခေါက်ဆွဲကို ထည့်ပြီး ကြက်သား၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မိတ်၊ တရုတ်နံနံ၊ ရှုးရှဲငပိထောင်းပေါ် သံပုရာသီး ညှစ်ပြီး မိမိ ကြိုက်နှစ်သက်ရာများကို ထည့်ပြီး ကော်ရည်ကို လောင်းရျ် အရသာ ကောင်းသည့် ကော်ရည် ခေါက်ဆွဲကို သုံးဆောင် နိုင်ပါပြီ။

MyFood Myanmar