ခေါပုတ်

Share this on:

ခေါပုတ်ကို ကောက်ညှင်းဆန်အဖြူ  (သို့မဟုတ်) ငချိတ်ကောက်ညင်းဆန်နှင့် ပြုလုပ်ကြပါတယ်။ ခေါပုတ်ကို ကင်ပြီးစားကြသလို  ကြော်ပြီးစားရင်လဲ ကောင်းပါတယ်။ သူ့ကြီး အစိမ်းသက်သက်လဲ စားကြပါတယ် ။ ဆိမ့်ဆိမ့်လေးနဲ့ စေးစေးလေးပေါ့။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်ဖြူ (သို့မဟုတ်) ငချိတ်ဆန် - ၃၀၀ ဂရမ်
  • နှမ်းလုံး - ၁၀၀ ဂရမ်
  • ဆီ
  • ဆား

ပြုလုပ်နည်း

  1. ကောက်ညှင်းဆန်ဖြူ (သို့မဟုတ်) ငချိတ်ဆန် ကိုရေစင်စင်ဆေးပြီး ၃၀ မိနစ်ခန့် ရေစိမ်ထားပေးပါ ။
  2. နှမ်းလုံး (လှော်ပြီးထောင်းထားပါ ) နှမ်းလုံးမရှိက အနက်ရောင် နှမ်းပြားကို သုံးနိုင်သည်။
  3. ဆီရယ် ဆားရယ် လိုသလောက် ထည့်သုံးပါ ။
  4. ကောက်ညှင်းဆန် (သို့) ငချိတ်ကို ရေနွေးငွေ့နှင့် ကောက်ညှင်းဆန်စေ့ ပျောက်သည်အထိ ပေါင်းပါ ။
  5. ကောက်ညှင်း ကျက်ပြီဆိုရင် မကပ် စေရန် ဆီနှင့် နှမ်းထောင်း သုပ်ထားသော ငရုပ်ဆုံ ထဲသို့ ထည့်ကာ အပေါ်မှ နှမ်းထာင်း နှင့် ဆားအနည်းငယ် ထည့်ကာ ဆန်လုံး ပျောက်သည်အထိ ထောင်းပါ ။ (ငရုပ်ကျည်ပွေ့ ထိပ်တွင်လည်း ဆီနှင့်နှမ်းထောင်း နဲနဲစီ မကပ်စေရန် သုတ်ပေးပါ ။) ငရုပ်ဆုံ မရှိသူများလည်း ပလပ်စတစ်အိတ် သန့်သန့်လေးကို သုံးထပ်ထပ်ကာ အိပ်အတွင်းထဲ ဆီသုပ် ၊ နှမ်းအနဲငယ်ဖြူးကာ ဆားအနဲငယ် နှင့် ကောက်ညှင်းဆန် ထည့်ပြီး ထုထောင်း ပေးလို့ရပါတယ် ။
  6. ခေါပုတ်ပြားရန် လက် နှင့် လင်ပန်းကို ဆီသုတ်နှမ်းဖြူးကာ ထောင်းထားသည့် ကောက်ညှင်းကို မိမိလိုချင်သော ပုံစံ အ၀ိုင်းကြီး ၊ အ၀ိုင်းသေး ကြိုက်သလို ပြားနိုင် ပုံဖေါ်နိုင်ပါတယ် ။
  7. ပြားထားသော ခေါပုတ်များကို ဆီသုတ်ကာ နှမ်းဖြူးထားသော ဗန်းထဲတွင် အေးသွားအောင် ထားလိုက်ရင် ခေါပုတ်ရပါပြီ ။
  8. ပူပူနွေးနွေးလး စားချင်ရင် ထောင်းပြီးပြီးချင်း ခေါပုတ်ကို နှမ်းနဲ့လုံးပြီး စားလို့ရပါတယ် ။
  9. ပူ၍ မမာသေးတဲ့အတွက် ကင်စားလျှင်လည်း ပျော့ပျော့လေး နှင့် စားလို့ကောင်းပါတယ်။ ခေါပုတ်များ တစ်ခု နှင့် တစ်ခု ထပ်ကာ ထားမည်ဆိုလျင် ဆီသုတ် ၊ နှမ်းဖြူး ကာထားရပါမည် ။
Credit: Kyaing Tong Page

Review

User Rating

0 (0 Votes)