ဘယ်အချိန်ပဲ ဖြစ်ဖြစ် မငြင်းနိုင်သော ပူတင်းလေးပါ။ အချိုပွဲလိုလဲ သုံးဆောင်လို့ ရသလို မနက်စာ (သို့ ) အစာပြေလဲ စားသုံးလို့ ရပါတယ်။ စားပြီးလျှင်လဲ ပြီးပြည့်စုံသော ခံစားမှုကြောင့် တစ်ခုခုစားချင်နေသော အချိန်မှာ နှစ်သိမ့် ပေးသော ပူတင်းလေးဖြစ်ပါတယ်။ လုပ်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၄ လုံး (ခလောက်ထားပါ)
  • ဌက်ပျောသီး – ၁ လုံး (ပါးပါးကွင်းလေးတွေလှီးထားပါ)
  • နွားနို့ – ၂ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ခရင်ပြစ် – ၃၀၀ မီလီတာ
  • သကြားညို – ၁⁄၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဗာနီလာရည် – ၁ ဇွန်း လက်ဖက်ဇွန်း
  • Chocolate Chip – ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ပေါင်မုန့်အဖြူ – ၇ ချပ် (အတုံးလေးတွေ လှီးထားပါ)
  • ထောပတ် စားပွဲ ဇွန်း – ၂ ဇွန်း ခွဲ (အခန်းအပူချိန်နဲ့ ပျော့အောင်ထားပါ)
  • ဆား – အနည်းငယ်

ပြုလုပ်နည်း

  1. အာဗင်ကို ကြိုပြီး ၁၈၀ – ၁၆၀ ဒီဂရီ အပူပေးထားပါ ။  အာဗင် အသေးအကြီးနဲ့ ပန်ကာ (သို့) ဂတ်(စ်)မီး ပေါ်မူူတည်ပြီး အပူချိန် အနည်းငယ် ကွာပါတယ် ။
  2. ကင်ရန် မကပ်သော ၅ စင်တီမီတာ စောက်အနက် ၊ ၁၇ x ၂၈ စင်တီမီတာ အကျယ် ကင်ရန်ဗန်းကို   ထောပတ်ရည်ဖြင့် အနည်းနှံ့အောင်သုပ်ထားပါ ။
  3. ဖန်ဇလုံ အကြီးထဲ ကြက်ဥ ၊ နွားနို့ ၊သကြား ၊ ခရင် ၊ ထောပတ်ရည် ၊ ဗာနီလာနှင့် ဆား များ အားလုံး ထည့်ပြီး ခလောက်တံဖြင့် အားလုံးရောနှံ့သွားအောင်မွှေပါ။
  4. အတုံးလေးများလှီးထားသော ပေါင်မုန့် ချပ်များကို ကင်ရန် ဗန်းထဲသို တစ်ဝက်ကို ဖျန့်စီထည့်ပါ ။ အပေါ်မှနေ ချောကလက်တုံး အနှံ့ဖြူးပေးပါ ။ ပြီးလျင် ပါးပါးလှီးထားသော ဌက်ပျောကွင်းလေးများစီတင်ပါ ။ ကျန်ရှိသော ပေါင်မုန့် ချပ်လေးများ စီတင်ပါ ။ ပြီးလျှင် ချောကလက်တုံးလေးများ အပေါ်မှ အကုန်ထပ်ဖြူးပါ ။
  5. ဖျော်ထားသော ကြက်ဥနှစ်ရည်ကို ပေါင်မုန့်များထည့်ထားသော ဗန်းထဲ လောင်းထည့်ပါ ။ ပြီးလျင် ၃၀ -၃၅ မိနစ်လောက် ဖုတ်ပါ (သို့) ကြက်ဥတင်းလာပြီး ရွှေရောင်သန်းလာလျှင် ရပါပြီး။ ပူပူလေး ကြိုက်နှစ်သက်ရာ အချိုပေါ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ Herbal Tea တို့ဖြင့် သုံးဆောင်လျှင် လိုက်ဖက်ပါတယ် ။

Credit: Syilwin Foodsgarden