မြန်မာမုန့်များ - Myanmar Desserts

ချောကလက်နို့စိမ်းကျောက်ကျော

May 28, 2016

ချောကလက်နို့စိမ်းကျောက်ကျော

Share this on:

ပါဝင်ပစ္စည်းများ

  • တယ်လီဖုန်းတံဆိပ်ကျောက်ကျော - ၂၅ ဂရမ်( အထုပ်သေး)
  • ရေသန့်တစ်ဗူး(သို့)ရေနို့ဆီခွက် - ၄ ခွက်
  • နို့စိမ်းဗူးသေး - ၁ ဗူး
  • နို့ဆီ - ဗူးဝက်
  • သကြား - ၁၅ ကျပ်သား
  • ချောကလက်အမှုန့် - ၅ ဇွန်းခန့် (ထမင်းစားဇွန်း)
  • ဆား - တစ်ဇွန်း (လက်ဖက်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ကျောက်ကျောမှုန့်နဲ့ ရေ ၊ သကြား ၊ ဆားတို့ကို ရောမွှေပြီး ၂အိုးခွဲပါ ။
  2. ပထမအိုးထဲကို ချောကလက်အမှုန့်ထည့်မွှေကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပြီး ဗန်းထဲလောင်းထည့်ပါ ။
  3. ပြီးလျှင် ဒုတိယအိုးထဲသို့ နို့ဆီနဲ့ နို့စိမ်းဖောက်ထည့်၍ မီနစ်၂၀ထပ်ကျိုပြီး ပထမ လောင်းထားတဲ့ ချောကလက်ပေါ်သို ထပ်လောင်းထည့်ပြီး အအေးခံပြီး လှီးဖြတ်စားသုံးနိုင်ပါပြီး ။
Credit: Thida Lay Lay

Review

User Rating

4.8 (8 Votes)