ထမင်းစားပြီ ဆိုလျှင် ချဉ် ၊ ငန် ၊ စပ်ပါမှ ထမင်းစားလို့ ကောင်းတယ် ဆိုတဲ့ မိတ်ဆွေတွေ အတွက်

ပါဝင်ပစ္စည်းများ

  • ဂွေးသီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးခွဲခြမ်း
  • ငရုတ်သီးအတောင့်ရှည်
  • ပုစွန်ခြောက်မှုန့်
  • ငံပြာရည်အချို
  • ဆား
  • ငပိစ်မ်းစား
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ဂွေးသီး နုနုတွေကို အလုံးလိုက် ရေဆေး ထက်ခြမ်းခြမ်းပြီး ကန့်လန့်ပါးပါး ပြန်လှီးပါ ။
  2. ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီထောင်းပြီး ဆီသတ်ပါ ။ ကြက်သွန်မနွမ်းခင် ငရုတ်သီးခွဲခြမ်းဖြစ်စေ ၊ ငရုတ်သီး လေးစိတ်ကွဲ   ထောင်းထားတာဖြစ်စေ ထည့်ပါ ။  ငရုတ်သီးအတောင့်ရှည်ဆိုရင် စပ်စပ်လေးရပါတယ် ။ ငရုတ်သီး စိမ်းနံ့ ပျောက်ရင် ပုစွန်ခြောက်မှုန့် ထည့်ပါ ။  ပုစွန်ခြောက်မှုန့် မွှေးလာမှ ဂွေးသီးလှီးထားတာထည့်ပါ ။ ငံပြာရည်အချို နဲ့ ဆားနည်းနည်းလေး ထည့်ပြီး မွှေပါ ။  ဂွေးသီးမနူးခင် ငပိစိမ်းစားကို ရေဖျော်ထည့်ပါ ။  ငပိစိမ်းစားအရည်ခမ်းပြီး ဆီပြန်ရင် ဂွေးသီးလည်းနူးပါပြီ ။
စိုစိုလေးစားချင်ရင် သိပ်ဆီမပြန်ခင် ချပါ။  ခြောက်ခြောက်စားချင်ရင်တော့ ကြာကြာထားပါ ။ ထမင်းစားမြိန်စေမည့် ဟင်းတစ်ခွက် ရပါပြီး ။

Credit: အထွေးအထွေးဗဟုသုတ – Myanmar