သောက်ဆမ်း - Soup Curry | Recipes

ဂွေးတောက်ရွက် ပုဇွန် ငပိချက်

March 7, 2016

ဂွေးတောက်ရွက် ပုဇွန် ငပိချက်

Share this on:

2

3

ပါဝင်ပစ္စည်းများ

  • ဂွေးတောက်ရွက်နုနု - လက်တစ်ဆုပ်စာ
  • ပုဇွန် - ၃ ကောင် (သန့်စင်ပြီးသေးသေးလှီးဆားနနွှင်းလူးထားပါ)
  • ငပိစိမ်းစား - အနည်းငယ်
  • ကြက်သွန်နီ - ၁ လုံး နှုတ်နှုတ်စဉ်း
  • ကြက်သွန်ဖြူ - ၅ မွှာ ထောင်းထားပါ
  • ခရမ်းချဉ်သီး မှည့်မှည့် အသေး - ၁ လုံး ပါးပါးလှီး
  • ဆီ - အနည်းငယ်
  • ငါး ငံပြာရည် - အနည်းငယ်
  • ရေ

ပြုလုပ်နည်း

  1. ခြံစည်းရိုးမှာ နုဖက်ပြီး နွယ်နေတဲ့ ဂွေးတောက်ရွက်လေးတွေ ခူးပြီး ချက်စားဖြစ်တဲ့ ဟင်းလေးပါ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးများ နွမ်းလာအောင် ဆီသပ်ပြီး ၊ ပုဇွန်ထည့် ခန မွှေပေးပြီး ငပိ ထည့်မွှေ ၊ ရေ သင့်ရုံထည့်ပါ။
  3. ပွက်ပွက်ဆူလာလျှင် အပေါ့ငံ အတွက် ငံပြာရည် သင့်ရုံထည့် ဂွေးတောက်ရွက်လေးများထည့် ၊ ငရုပ်သီးများ ထောင်းရ်ျ (သို့မဟုတ်) ပါးပါးလှီး ထည့်ပါ။
  4. မီးပိတ်ပြီး ပူပူနွေးနွေး ချိုဆိမ့်၊ ခါး၊ စပ်၊ ဟင်းလေး တစ်ခွက် ရပါပြ်ီ။
Credit: Soe's Cooking Collection

Review

User Rating

3.3 (15 Votes)