ပါဝင်ပစ္စည်းများ

  • ဂွေးတောက် (ခြွေထားပါ)
  • ဆူးပုတ်ရွက် (ခြွေထားပါ)
  • ပုဇွန်ခြောက် (ရေနွေး စိမ်ထားပါ)
  • ခရမ်းချဉ်သီး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ)
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • အချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. ခြွေထားသော ဂွေးတောက် နဲ့ ဆူးပုတ်ရွက်ကို သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။ ဒယ်အိုးထဲတွင် ဆီ အနည်းငယ်ထည့်၍ ဆီပူလာလျင် ကြက်သွန်နီကို ထည့်ပါ။
  2. ပြီးလျင် ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ဆား ၊ အချိုမှုန့် တို့ကို ထည့်ပါ။ ပြီးလျင် ရေနွေး အနည်းငယ် ထည့်၍ အဖုံးအုပ်ထားပါ။
  3. ရေတပွက် နှစ်ပွက် ဆူလျင် ဂွေးတောက်ရွက်ကို အရင်ထည့်ပါ။ ဂွေးတောက်ရွက် နူးခံနီးမှ ဆူးပုတ်ရွက်ကို ထည့်ပါ။
  4. အရသာ အပေါ့အငံ မြည်း၍ ဆူးပုတ်နံ့သင်းသင်းနဲ့ ခါးသက်သက် အရသာ ရှိသော ဂွေးတောက် – ဆူးပုတ်ရွက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

Credit: Phyu Phyuhnin