ပါဝင်ပစ္စည်းများ

  • ဆရိုးတုံး
  • ပဲပုပ် (မီးကင်ပြီး ထောင်းထားပါ )
  • ပဲသီး
  • ပဲစိတ်တို
  • ခရမ်းသီး
  • ခရမ်းချဉ်သီး
  • ဖော့ဖူး
  • ဆား
  • ဟင်းချိုမှုန့်
  • ဆန္နင်း
  • ရှမ်းနံနံ
  • နံနံပင်
  • ဆီ

ပြုလုပ်နည်း

  1. ဆရိုးတုံးသည် နွယ်ပင် တမျိုးဖြစ်ပြီး ပူစပ်သည့် အရသာ ရှိသည့် အတွက် အေးတဲ့ ရာသီမှာ စားကြပါတယ် ။ ဆရိုးတုံးပုံက ပဲပုပ်ပြားနားမှာ ရှိပါသည် ။
  2. အရင်ဆုံး ဆရိုးတုံး ၊ ပဲသီး ၊ ခရမ်းသီး ၊ ခရမ်းချဉ်သီး ၊ ဖော့ဖူး ဆား ၊ ဟင်းချိုမှုန့် ၊ ဆနွင်းမှုန့် ၊ ဆီ နဲနဲ နှင့် လုံးတည်ပါ ။
  3. ခဏကြာလျင် ရေများများ ထည့်၍ တည်ပါ။ တည်ပြီး ၁နာရီကျော် ကြာလျင် လိုအပ်သည့် အချို အပေါ့ အငန် ထည့်နိူင်ပါတယ် ။
  4. ပဲစိတ်တိုကို နောက်မှ ထည့်ပါ။
  5. ဟင်းရည် ပန်းကန်ထဲခူးမှာ ရှမ်းနံနံ ၊ နံနံပင် နှင့် ပဲပုပ်အမှုန့် အပေါ် မှ ဖြူးးပြီး သုံးဆောင်နိူင်ပါတယ်။

Credit: Phyu Phyuhnin