ဆော့ပြုလုပ်နည်း

Share this on:

I.   အပေါ်ဆုံးဘယ်ဘက်ထောင့်ကအဖြူရောင်ခွက်လေးက Mayonnaise ဆော့ပါ…..ပြုလုပ်ပုံက…

Mayonnaise -လေးဆ
ကြက်သွန်နီ – တစ်ဆ
ပျားရည် – တစ်ဆ
ကြက်သွန်ဖြူ – အနည်းငယ်,ကိုရောပြီးကြိတ်စက်ဖြင့်ကြိတ်ရပါတယ်။ဆီဖြင့်ကြော်ထားသည့်အရာများဖြင့်တို့စားလို့ရပါတယ်။

II.  သူ့ရဲ့ဘေးကပန်းကန်လုံးထဲကဆော့ကတော့…

Ketchup (ခရမ်းချဉ်သီးဆော့ပါ) ရိုးရိုး ခရမ်းချဉ်သီးဆော့ ရယ်ဒီမိတ်ပါပဲ ဘာမှမပါပါဘူး။

III.   အောက်က ဘယ်ဘက်ထောင့်ကဆော့ကတော့ ကိုရီးယား ချီလီဆော့ပါ ပြုလုပ်နည်းကတော့….

ကိုရီးယားငရုပ်အနှစ် – ၁၀၀ ဂရမ်
သကြား – ၂၆ ဂရမ်
ပဲငံပြာရည်အကြည် – ၂၀ ဂရမ်
ပန်းသီးဖျော်ရည် – ၃၀ ဂရမ်
ကြက်သွန်ဖြူ – ၈ ဂရမ်
နမ်း – ၆ ဂရမ်
နမ်းဆီ – ၂၀ ဂရမ်….တို့ကိုရောမွှေပြီးပြုလုပ်ရပါတယ်။အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းပါးပါးလှီးထည့်လို့ရပါတယ်။

IV.    အောက်ဆုံးထောင့်ကတော့ ကိုရီးယားစတိုင်ငံပြာရည်အစပ်ဆော့ပါ ပြုလုပ်နည်းကတော့…..

ပဲငံပြာရည်အကြည် (Soy-Light) – တစ်ဆ
ရေ – နှစ်ဆ
သကြား – အနည်းငယ်
ပြောင်းဖူးရည် Corn Syrup- အနည်းငယ်
ကြက်သွန်ဖြူကြိတ်ပြီးသား – အနည်းငယ်
နမ်းဆီ + နှမ်း – အနည်းငယ်….တို့ဖြစ်ကြပါတယ်။ ဆော့ထဲကို (ငရုပ်သီးစိမ်း+အနီ,ကြက်သွန်မြိတ်,ငရုပ်သီးမှုန့်) သင့်တော်သလောက်ထည့်ပြီးမွှေပေးရင်ရပါပြီ။

မှတ်တ်ချက်။ ။ ပြောင်းဖူးရည်,Mayonnaise,ကိုရီးယားငရုပ်အနှစ်,Ketchup (ခရမ်းချဉ်သီးဆော့)တို့ကိုပုံဖြင့်ဖော်ပြပေးထားပါတယ်။ အလွယ်တစ်ကူပြုလုပ် စားသုံးနိုင်ကြပါစေ။
ကျေးဇူးတင်ပါသည်။

ဇွဲသုသု