ရဲယိုရွက်ဆိုရင် ငါးခူနဲ့ တွဲမြင်တတ်ကြပါလိမ့်မယ်။ ရဲယိုရွက်ကို ငါးခူနဲ့ ရောချက်စားကြသလို ပေါင်းလည်း စားကြပါတယ်။ ရဲယိုပင်ဟာ မြန်မာပြည် အနှံ့အပြားမှာ ပေါက်ရောက်ပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဒေသတွေမှာ အများဆုံးပေါက်ရောက်ပါတယ်။ သဘာဝအလျောက် ပေါက်ရောက်ပြီး အပင်ငယ်မျိုးဖြစ်ပါတယ်။

Morinda

ရဲယိုရွက်ဟာ အစိမ်းရင့်ရောင်ရှိပြီး သွယ်ပြီးချွန်ပါတယ်။ ရဲယိုပင်ရဲ့ အပွင့်ဟာ အဖြူရောင်ဖြစ်ပြီး မွှေးပါတယ်။ အသီးကတော့ ရှည်မျောမျော ပုံစံ ဖြစ်ပြီးပုံစံကတော့ ရုပ်ဆိုးတယ် ပြောရမလားပဲ။ အနံ့ကတော့ မကြိုက်သူတွေ အတွက် အတော် ဆိုးပါတယ်။ ဒါပေမယ့် အရွက်ရော အသီးရော ဆေးဖက်ဝင်ပါတယ်။ ရဲယိုရွက်ရဲ့ အရသာဟာ ခါးပြီး အနည်းငယ် ပူစေပါတယ်။ ရဲယိုသီးကတော့ အနည်းငယ်ချဉ်ပါတယ်။ မှည့်လာတဲ့ အချိန်ဆို အနည်းငယ် ချိုပါတယ်။

ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်းစေပါတယ်။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်စေပြီး ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေပါတယ်။

နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေတဲ့ အစွမ်း ရှိပါတယ်။ ငါးခူနဲ့ ရောချက်စားရင် ခံတွင်းမြိန်စေပြီး လေကို နိုင်စေပါတယ်။ ရဲယိုရွက် နုနုလေးကို ပြုတ်ပြီး တို့စားရင် ဝမ်းပျော့ပျော့လေး သွားစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ရဲယိုသီးကိုတောာ့ ပျားရည်နဲ့ ခေါက်စားရင် ချောင်းဆိုးနဲ့ ပန်းနာကို ပျောက်စေပါတယ်။ ရဲယိုသီးမှည့်ကို ထန်းလျက်နဲ့ စားရင်တော့ အစာမကြေ ရင့်ပြည့်ရင်ကယ်ကို သက်သာစေပါတယ်။ အသီးနုနုလေးတွေကို ပြုတ်စားရင်တော့ လေထိုးလေအောင့်နဲ့ သွေးတက်ရောဂါတွေကို ပျောက်စေပါတယ်။