ကုန်တိုက်က ဟင်းသီးဟင်းရွက်တွေဟာ အလွယ်တကူ ပုတ်သိုးပျက်စီးတတ်ကြပါတယ်။ နောက်ပြီး ဆလတ်ရွက်၊ တရုတ်နံနံ၊ တရုတ်နံနံကြီး စတာတွေ ဆေးကြောသန့်စင်ပေးခြင်းဟာလည်း ပုတ်သိုးဆွေးမြေ့မြန်စေပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေ အချိန်ကြာကြာ လတ်ဆတ်နေအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းကို Paper Towels Method လို့ သိရပါတယ်။
ယင်းနည်းလမ်း (၃) ခုမှာတော့
(၁) ဟင်းသီးဟင်းရွက်များကို ကောင်းမွန်စွာ ဆေးကြောပြီးနောက် ကျန်ရှိနေတဲ့ ရေတွေ အတတ်နိုင်ဆုံး ခါထုတ်ပစ်ရပါမယ်။

(၂) ဟင်းသီးဟင်းရွက်များကို ပလတ်စတစ်အိတ်ထဲထည့်။ လေအလုံပိတ်နိုင်တဲ့ ဟာမျိုးဆို ပိုကောင်းပါတယ်။

(၃) ပလတ်စတစ်အိတ် မပိတ်ခင် paper towel အနည်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ ဟင်းသီးဟင်းရွက်က ရေခဲသေတ္တာအတွင်း ရက်အနည်းငယ်ကြာပြီးသည့်တိုင် paper towel အသစ်လဲပေးရုံသာ ဖြစ်ပါတယ်။

Credit: PannPwint-Health
Trend Myanmar